Sunday, 13 September 2009

တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်!!!!!






မနေ့က ရုပ်မြင်သံကြား ထဲမှာ တရုတ်နိုင်ငံက တစ်နှစ်အရွယ် မိန်းခလေးဟာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကြည့်လိုက်ရတယ်။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။
Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။
Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။

ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။

--~--~---------~--~----~------------~-------~--~----~
ဘုရား...ဘုရား....ဘုရား

ဘာတွေ ဖြစ်နေပါလိမ့်
ဒီကပါ

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A214028&xgs=1


Subject: Fwd: Aurorageneration တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်!!!!!

မော်ဒန် အတွေးများ

Definitions, Interpretations, Understandings and Personal Views On Buddhism

Thursday, July 27, 2006

ဗုဒ္ဓ

အစွဲအလန်းကင်းကင်းနဲ့ ပြောကြေးဆိုရင် ဗုဒ္ဓပဲဖြစ်ဖြစ်၊ မဟာဝီရပဲဖြစ်ဖြစ်၊ သခင်ယေရှုပဲဖြစ်ဖြစ် အားလုံးဟာ ယနေ့ခေတ်အခါမှာသာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အခုလို အဖွဲ့အစုခေါင်းဆောင်၊ သီးခြားဘုံသား၊ ပုဂ္ဂလိကအသင်းအပင်းတစ်ခုရဲ့ အကိုးကွယ်ခံ၊ မဟာတန်ခိုးရှင်ကြီးတွေ ဖြစ်လာမယ်မထင်ပါဘူး။ အမှန်တရားကို ရှာဖွေတင်ပြသူ၊ လူ့ဘောင်ငြိမ်းချမ်းမှုကို ဦးစီးတည်ဆောက်ပေးသူ၊ ကမ္ဘာ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများ အဖြစ်ဖြင့်သာ နေရာရကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ပြောတဲ့တရားထက် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကိုပဲ ရှေးတန်းတင်လာသူတွေကြာင့် မိမိတို့ သဘောကျရာ သဘောကျရာ ခေါင်းဆောင်တွေကို မိမိတို့အလိုကျ (ပြိုင်ဆိုင်လိုခြင်းနဲ့ အလွန်အားကိုးလိုခြင်းတို့ကြောင့်) ဖူးဖူးမှုတ်ရင်းက ဘုရားတွေဟာ အလွန်ကြီး၊ အလွန်ကျယ်၊ အလွန်မြင့်၊ အလွန်မြတ်သောပုဂ္ဂိုလ်ကြီးများ ဖြစ်သွားကြပြီး လူများစု လက်လှမ်းမမီနိုင် ဖြစ်ကုန်ကြပုံရပါတယ်။

ဒီလိုပြောလိုက်လို့ ဘုရားတွေကို အဆင့်လျှော့ချပစ်တယ်လို့ တစ်ချို့က ခပ်လွယ်လွယ် ထင်သွားကြမလားပဲ။ တကယ်က သူတို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ရုံနဲ့တင် သူတို့ဟာ အဆင့်လျှော့ချလို့ မရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ထင်ရှာပြီး ဖြစ်နေပါပြီ။ ပြီး အခုလိုမျိုး အစွဲအလန်းကင်းကင်းနဲ့သာ ဘုရားတွေကို နားလည်လက်ခံခဲ့ကြမယ်ဆိုရင် သူတို့ဟာ ဒီထက်ပိုမို (အမြင်ရှင်းရှင်းနဲ့) လေးစားစရာကောင်းသောသူများပင် ဖြစ်လာနိုင်ပြီး သူတို့ရဲ့ ဓမ္မတွေဟာလည်း ကမ္ဘာ့လူသားထုကြားမှာ အခုထက်ပိုပြီး စူးရှထက်မြက်မယ်ဆိုတာ သေချာပါတယ်။ လျှပ်စစ်ဓာတ်ကို စတင်ဖော်ထုတ်ခဲ့သူကို ဘုရားလို မကိုးကွယ်ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ကို ကမ္ဘာကြီးတစ်ခုလုံး အသုံးချနိုင်ကြသလိုနေမယ် ထင်ပါတယ်။

နောက်မှထပ်ဖြည့်ထားတဲ့ ကျမ်းဂန်တွေမှာ တန်ခိုးဣဒ္ဓိပါဒ်အကြောင်းတွေ၊ အံ့သြဘနန်းတွေ၊ ထူးဆန်းထွေလာတွေ ဘယ်လိုပဲ ရေးထားရေးထား သူကိုယ်တိုင်ပြောစကားနဲ့ သူ့ဖြစ်စဉ်တွေအရ ဗုဒ္ဓဟာ ရိုးရိုးလူသားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူလိုငါလို မိန်းမနဲ့ ကလေးကိုလည်း ချစ်တယ်။ သူလိုငါလို လမ်းမှားလည်း လိုက်ဖူးတယ်၊ သူလိုငါလို အစာရေစာ ရှားပါးမှုလည်း ကြုံဖူးတယ်။ သူလိုငါလို သူများလုပ်ကြံတာ ခံရပြီး ဒဏ်ရာလည်း ရဖူးတယ်။ သူလိုငါလို အစားမှားပြီး သူလိုငါလိုလည်း ဖျားနာခဲ့ဖူးတယ်။ သူလိုငါလို စိတ်ပျက်တာမျိုးတောင် ရှိခဲ့ဖူးတယ်။ (သူ့တပည့်တွေ သူ့စကားနားမထောင်လို့ သူ တစ်ယောက်တည်း တစ်ခြားထွက်သွားတာမျိုး၊) ပြီး သူလိုငါလိုပဲ သေဆုံးသွားခဲ့တယ်။ မျက်မမြင်နောက်လိုက်တွေ ဇွတ်တရွတ် တွန်းတင်နေသလို သူဟာ အနန္တောအနန္တတန်ခိုးရှင်၊ ဆုတောင်းရင် ဖြည့်ပေးသူ၊ မျက်နှာလုပ်ရင် မြင်နှာလိုက်သူ၊ Super Human Being၊ စကြာဝဠာတစ်စင်းလုံးရဲ့အရှင်ကြီးတစ်ဆူ မဟုတ်ပါဘူး။

ဗုဒ္ဓဟာ An Ordinary Man With Extraordinary Wisdom ဖြစ်ပါတယ်။ ကိလေသာကနေ ဝေးသူ၊ ကိုယ်တိုင် တရားကို စတွေ့သူ၊ သီအိုရီနဲ့ လက်တွေ့ကို တစ်ထပ်တည်းကျအောင် နေသူ၊ စကားပြောချိုသူ၊ လောကရဲ့ အကြောင်းအကျိုးကို နားလည်သူ၊ လူတွေကို ဆိုဆုံးမတတ်သူ၊ ဆရာအဖြစ် တင်မြှောက်ခံနိုင်သူ၊ သစ္စာတရားကို သိထားသူ၊ ဘုန်းရှိန်ဝါကြီးသူ အသိဥာဏ် အဆင့်အမြင့်ဆုံး ရိုးရိုးလူသားတစ်ယောက် ဖြစ်ပါတယ်။။ လူတွေ မသိနိုင်တဲ့ အလယ်လမ်းကို သူ စဖောက်ခဲ့တယ်။ လူတွေ မမြင်နိုင်တဲ့အလင်းကို သူ စမြင်ခဲ့တယ်။ လူတွေ အိပ်မောကျနေချိန်မှာ သူ စနိုးကြားခဲ့တယ်။ ပြီး အားလုံးကို လက်ဆင့်ကမ်း ထွန်းညှိပေးရင်း လောကကို နိုးပေးခဲ့တယ်။ ဒီလောက်နဲ့တင် ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်ဖို့ လုံလောက်နေပါပြီ။ (ဗုဒ္ဓ= သစ္စာလေးပါးကို သိသူ၊ နိုးကြားသူ၊ လူများကို နိုးကြားစေသူ၊ သိစေသူ။) ဒီထက်ပိုမိုပြီး လက်တွေ့မကျ၊ မမြင်ရတဲ့အရာတွေနဲ့ ဗုဒ္ဓအဖြစ်ကို မျက်စိမှိတ် အရောင်တင်နေဖို့ မလိုတော့ပါဘူး၊ ပြီး ဗုဒ္ဓကိုယ်တော်တိုင်ကလည်း အဲဒီလို မျက်မမြင်တွေရဲ့ ချီးမြှောက်ဂုဏ်တင်မှုမျိုးကို ကန့်ကွက်ပါတယ်။ သူကိုယ်တိုင်ရဲ့ ရပ်တည်ချက်ဟာ ဓမ္မကို လူများ နားလည်ရေးဖြစ်တဲ့အတွက် “ဓမ္မကို မြင်မှ ငါ့ကို မြင်ရမယ်” (ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။) လို့ ပြောခဲ့ဖူးပါတယ်။

ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံး ဗုဒ္ဓရဲ့ အတ္ထုပ္ပတ္တိအကျယ်ကို လူသားဗုဒ္ဓ ဆိုတဲ့ ဘလော့ဂ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ရေးသူ>> သယံဝသီ @ 11:38 AM

အကြောင်းအရာ>>

Saturday, 12 September 2009

msmo logo


it has to prepar,not finish yet.
မြန်မာအလုပ်သမားများ ၀မ်းမြောက်ဖွယ်
ထိုင်းနိုင်ငံ မြန်မာ ကျောင်းသားများအဖွဲ့ MSMO မှ မြန်မာအလုပ်သမားများကို ကွန်ပျူတာ နှင့်ပတ်သက်သော window, internet, word, pagemaker, video editing and photoshop နှင့် english speaking များကို သင်တန်းသား ၁၀ ယောက်ပြည့်ပါက လာရောက်သင်ကြားပေး ပေးပါမည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကွန်ပျူတာပညာကို ၀ါလာလပ်တွင် သင်ပေးလျက်ရှိပါကြောင်း ၀မ်းမြောက်ဖွယ်အ သိပေးအပ်ပါသည်။ ဆက်သွယလိုပါက ventejinda@yahoo.com.au
tejeinda09@gmail.com

ကမ္ဘာကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီကြရအောင်

ကမ္ဘာကြီးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီကြရအောင်)















from sumanabosan@gmail.com

Friday, 11 September 2009

ထူးဆန်းတာလေးတွေ

nature-art-work-1.jpgnature-art-work-1.jpg
46K View Download
nature-art-work-2.jpgnature-art-work-2.jpg
22K View Download
nature-art-work-3.jpgnature-art-work-3.jpg
28K View Download
nature-art-work-4.jpgnature-art-work-4.jpg
29K View Download
nature-art-work-5.jpgnature-art-work-5.jpg
45K View Download
nature-art-work-6.jpgnature-art-work-6.jpg
29K View Download
nature-art-work-7.jpgnature-art-work-7.jpg
12K View Download
nature-art-work-8.jpgnature-art-work-8.jpg
42K View Download
nature-art-work-9.jpgnature-art-work-9.jpg
35K View Download
Reply

Forward

Invite mgandrain mgandrain to chat


Reply
|

tejeinda09 tejeinda09

to kalshee81, ellengvsi, Nicole
show details Sep 2 (9 days ago)



---------- Forwarded message ----------
From: mgandrain mgandrain <mgandrain@gmail.com>
Date: 2009/8/27
Subject: Fwd: သဘာဝတရားကြီးရဲ့အံသြစရာတွေပါ/ phyothetzaw2
To: tejeinda09@gmail.com










nature-art-work-1.jpgnature-art-work-1.jpg
46K View Download
nature-art-work-2.jpgnature-art-work-2.jpg
22K View Download
nature-art-work-3.jpgnature-art-work-3.jpg
28K View Download
nature-art-work-4.jpgnature-art-work-4.jpg
29K View Download
nature-art-work-5.jpgnature-art-work-5.jpg
45K View Download
nature-art-work-6.jpgnature-art-work-6.jpg
29K View Download
nature-art-work-7.jpgnature-art-work-7.jpg
12K View Download
nature-art-work-8.jpgnature-art-work-8.jpg
42K View Download
nature-art-work-9.jpg

ထူးဆန်းတာလေးတွေ

ရင်ခုန်ချင်စရာကြီး......... OMG ( Oh.. My...God.. )










Y OhMyGod.. MY FRIENDZ...














--





်from sumanabosan@