Sunday 29 November 2009

ဘ၀ရဲ့ အမောတွေ ပြေနိုင်ကြပါစေ..........

ဆံပင်ရိတ်မယ်.....

မန်ချီဒါတစ်ယောက် ပုဇွန်တောင်တွင် ဆံပင်သွားညှပ်သည်...။ ဆံပင်ညှပ်ဆိုင်ရောက်တော့....
မန်ချီဒါ - ဆံပင်ညှပ်ခဘယ်လောက်လဲ...
ဆံပင်ညှပ်ဆရာ - ၁၅၀
မန်ချီဒါ - မုတ်ဆိပ် ရိတ်ရင်ရော...
ဆံပင်ညှပ်ဆရာ - ၅၀
မန်ချီဒါ - ကောင်းပြီ... အဲဒါဆို ဆံပင်ရိတ်ပေးပါ...။ Laughing...

အကြောင်းပြချက် ကိုယ်စီ

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့

ကင်းခြေ ပြန်ဖြေလိုက်တာက

*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ"*

သားမက်ရဲ့ မေတ္တာ

မိန်းမကယောကျာင်္းကိုမေးသည်။
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှ
ာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့"


အထိုးခံရမှာ စိုးလို့

ကိုစကူ သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။

လမ်းခရီးတွင် ထိုလူက ကိုစကူ ကို မေးသည်။

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစကူ က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။

သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစကူ ကလည်းမဖြေ။

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။

ထို ဗလကောင်းကောင်းလူက ကိုစကူ အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။

ထိုအခါ ကားပေါ်ပါလာသူများက ကိုစကူ အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။

မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။

ထိုအခါ ကိုစကူ က ယခုလို ပြန်ဖြေလေသည်။


ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။




May.gale
ကဲ ဟာသကြိုက်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်။ မကြိုက်တဲ့သူငယ်ချင်းတွေက မဖတ်နဲ့ ပေါ့။

Friday 27 November 2009

ဘယ်ဘာသာက အကောင်းဆုံးလဲ

ဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/ အကောင်းဆုံး
" ဘာသာတရားဆုချီးမြှင်
To:


Subject: ဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/ အကောင်းဆုံး "
ဘာသာတရားဆုချီးမြှင်
To:


ဒီဆိုက်မှာပဲ သြဂုတ်လ ၁၁ ရက်နေ့ က ကိုမောင် အင်္ဂလိပ်လိုတင်ထားခဲ့ တဲ
့ဝမ်းမြောက်ဖွယ်သတင်းလေးကို
ကျွန်တော့် ဘလော့ ဂ်မှာ ကိုယ်တိုင်ဘာသာပြန်ထားခဲ့တာလေးပြန်တင်ပေးတာပါ...
အခုမှမန်ဘာဝင်ဖြစ်တဲ့ အသင်းဝင်ပါ....

ဗုဒ္ဓဘာသာဝင်တွေအတွက်သတင်းကောင်းတစ်ခုမို.ကြိုးစားပြီးပြန်ဆိုတင်ပြလိုက်ပါတယ်...
ဘာသာပြန်ချွတ်ချော်မှားယွင်းမှုရှိပါကစာရေးသူ၏တာဝန်သာဖြစ်ပါတယ်...
ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင်.မား
ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာ.အမွန်မြတ်ဆုံး/
အကောင်းဆုံး " ဘာသာတရားဆုချီးမြှင်.ခဲ.ကြောင်းသိရှိရပါတယ်...

အဆိုပါအထူးတစ်လည်ချီးမြှင်.တဲ.ဆုကိုကမ္ဘာ.ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က
ရွေးချယ်ချီးမြှင်.ခဲ.ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ.သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို.ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ.ကြခြင်းဖြစ်သည်...

ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး...ဘာဖြစ်လို.လည်း
ဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး...
တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကိုတွေ.ရဖို.အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ.အထနဲ.ဆန်.ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ " လို.ဆိုခဲ.ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်...ပြောရယင်
ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "
လို.ပြောခဲ.ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. " ကျွန်
တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို.ကိုယ် ဒါဟာကမ္ဘာ.ပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင်.အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်.
သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်...


အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ.ပါတယ်...

အဖွဲ.ကြီးအနေနဲ.ထိုဆုကိုလက်ခံရယူပေးမယ်.သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း
သိရှိရပါတယ်....


တရားအရသာသိတဲ.သူတွေကတော.ကိုယ်တိုင်ကိုလက်တွေ.ကျင်.ကြံအားထုတ်နေကြပြီ...
တရားမသိ၊အမှားပြည်.နေတဲ. ...ကျွန်တော်တို.ငမိုက်သားများကတော. ...
ဒီသံသရာရေယာဉ်ကြောမှာ ...မြောလို.ကောင်းနေဆဲ....



မူရင်းသတင်းလေးကတော.ဒီလိုပါ...

The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.

This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:


Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."

And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."

However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.

When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."

Friday 20 November 2009

အော် ဖြူး ဆရာတော်ဘုရားကြီးရယ်


ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အောက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဖလန်ကောက်ဆေးရုံ (PRARAM 9 HOSPITAL)၊ စတုတ္ထထပ် အတွင်းလူနာဆောင် အခန်းအမှတ် (၃)တွင် ကျောက်ကပ်ရောဂါဝေဒနာကို ဆေးကုသမှုခံယူလျှက်ရှိနေပါသည်။

ဆရာတော်သည် လွန်ခဲ့သော ၂-နှစ်က ကျောက်ကပ်အစားထိုးခဲ့ရာမှ ကျောက်ကပ်သို့ ပိုးဝင်ရောက်မှုကြောင့် ယခုအချိန်တွင် အရေးပေါ်ကုသမှုခံယူလျှက်ရှိပါသည်။

ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မှီစက်ကိရိယာများဖြင့် ကုသလျှက်ရှိရာ ကုသစရိတ်မှာ တစ်ရက်လျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိပါသည်။

သို့ပါသောကြောင့် ဆရာတော်ဘုရားကြီ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို ကြည်ညိုကြသော တပည့်ဒါယကာ၊ ဒါယိကာမများအနေဖြင့် ဘေသဇ္ဇဒါန ကျန်းမာရေးဆေးအလှူတော်အတွက် စွမ်းနိုင်သမျှ ကုသိုလ်တော် ပါဝင်လိုကြပါလျှင် အောက်ပါဖုံးနံပါတ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်
း ကုသိုလ်အကျိုးမျှော်၍ အသိပေးနှိုးဆော်ကြေညာအပ်ပါသည်။


ထိုင်းနိုင်ငံ
ဦးအဂ္ဂဝရ (ခေတ္တ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
ဖုံးနံပါတ်။ ။+၆၆ ၈ ၁၄၃၉ ၄၅၉၆။
ဆန်စစ်ကရစ်ယူနီဗာစီတီ၊ ဗာရာဏသီ၊ အိန္ဒိယ
ဓမ္မရက္ခိတ ဖြူးမဟာစည်၊ ရန်ကုန် နှင့်
မဟာစည်သာသနာ့ရိပ်သာ၊ ဖြူးမြို့။

စင်္ကာပူနိုင်ငံ
ကိုညီညီလွင်+ မစမ်းမြ
ဖုံးနံပါတ်။ ။ +၆၅ ၉၀၀၉၆၈၂၀၊ +၆၅ ၉၈၅၁၇၆၆၀

မြန်မာနိုင်ငံ
ဦးစန္ဒာသီရိ၊ ဦးစန္ဒောဘာသ
အကျိုးတော်ဆောင်အဖွဲ့ -
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ၊
အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာအနီး၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၅၃၀၀၆၈ ၊ ၅၀၁၈၄၆ (Ext- ၁၈၁) ၊ ၀၉၅၀ - ၁၇၅၅၄

Tuesday 17 November 2009

ဟာသ

မျက်မမြင် ၅ ယောက်နှင်.ကွန်ပျူတာ
Swe Thet Paing မှ နိုဝင်ဘာလ 1, 2009 အချိန် 10:20pm တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
Unrated
တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့စဉ်ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …တစ်နေ့တော့ ..သူတို့ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီးဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့မေးခွန်း ကို ရောက်သွားကြပါသတဲ့ …လေသန်သန်နဲ့ ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာ ဖြူသလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့ကမျက်မမြင်တွေကိုး ..တစ်နေ့တော့ ..သူတို့ ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့…အတွက် ..ကိုကြီးကျော် ရဲ့ ရုံးခန်းကို ရောက်လာကြပါသတဲ့ …ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့..ကိုကြီးကျော်လဲ အတော် သဘောတွေ ကျသွားပါသတဲ့ …" အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစာသွား ပဟ …အစ်ကို ကူညီမယ် "ဆိုပြီး ..သူ့ရဲ့ ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုးစမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့ဒီလိုနဲ့ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ .." ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့ ဗိုက်သားလိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး " တဲ့ကိုကြီးကျော် သဘောကျ သွားသပေါ့ …ဥပမာ ကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့" အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ "နောက်တစ်ယောက် ၀င်သွားပါသတဲ့ …သူလဲ ..ပြန်ထွက်လာပြီး …" အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ " တဲ့" အမ် …မင်းက ဘယ်လို စမ်းတာလဲ " ဆိုတော့" ကျနော် ထိုင်ပြီး စမ်းတာပါ" …တဲ့ "" အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား….ဟားဟား …"နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ .." ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့ …အသားလိုပါဘဲ ..နှိပ်လိုက်ရင်ခွက်ဝင်သွားတယ်နော် …" တဲ့" အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး "ကိုကြီးကျော် လန့်တောင်နေပါတယ်တဲ့ ..ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့ လေနောက်တစ်ယောက်လဲ ထွက်လာပြီး .." အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့ "" အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး "နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …သူတို့ ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီးပြေးထွက်ရင်း ပြောသတဲ့" ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ " လို့ ဆိုပြီး ရဲတွတ်နေတဲ့ပါးကို လက်နဲ့ ပွတ်ရင်း ပြောသတဲ့ ..ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲက…မိန်းကလေးတစ်ဦးထွက်လာပြီး" ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ..ဒီနေ့ ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ ရှင့်အလုပ်က ထွက်တယ် …" ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ.." ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ…" တဲ့လေ။ :D

ဘာသာရေး အတွေး

ဗုဒ္ဓဘာသာတွင် ဆုတောင်းသင့်သလာ:
Posted by Wai Wai Soe on September 1, 2009 at 9:10am
Add as Friend View Wai Wai Soe's blog
ဗုဒ္ဓဘာသာမှာ ဆုတောင်းလို့မရပါဘူး။ ကိုယ်တိုင်အားထုတ်ယူမှ ရတယ်ဆိုရင် ဆုတောင်းဖို့ လိုပါသေးလား ? ဆုတောင်းရုံသက်သက်နဲ့တော့ လိုအပ်တဲ့အကျိုးမရပါဘူး၊ ဆုတောင်းတယ်ဆိုတာက မိမိစိတ်မှာဖြစ်ပေါ်တဲ့ လိုအင်ဆန္ဒတစ်ခုကို နှုတ်မြွက် ပြောဆိုခြင်းဖြစ်ပါတယ်။ စိတ်ထဲမှာ ရှိတာကို နှုတ်ကမြွက်ဆို အဓိဋ္ဌာန်ပြုပြီးနောက် လက်တွေ့ကျင့်ကြံ အားထုတ်လိုက်တဲ့အခါ မူလစိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အကျိုးတရားကို ရရှိခံစားနိုင်ပါတယ်။ ဒါကြောင့် လက်တွေ့လုပ်ဆောင်မှုရဲ့ ရှေ့သွားဖြစ်တဲ့ ဆုတောင်းခြင်းဟာ လိုအပ်ပါတယ်။လောကမှာ လူသားတွေ မလိုလား မနှစ်သက်တဲ့ အပါယ်လေးပါး၊ ကပ်သုံးပါးစတဲ့ အကျိုးတရားတွေ ရှိတယ်။ ဒီအပါယ်လေးပါး၊ ကပ်သုံးပါးစသည်မှ လွတ်ရပါလို၏လို့ မကြာမကြာဆုတောင်းနေခြင်းဖြင့် ဒီအပါယ်လေးပါး၊ ကပ်သုံးပါးနဲ့ ကြုံတွေ့ရမှာကို ကြောက်လန့်မှု သံဝေဂရမယ်။ ဒီလို မကြာခဏဆုတောင်းလို့ မကြာခဏ သတိရပြီး ကြောက်လာတဲ့အခါမှာ ဒီအပါယ်လေးပါးစသည်ကို ရောက်စေမဲ့၊ မကောင်းတဲ့ အပြုအမူ အပြောအဆို အကျင့်အကြံတွေက ရှောင်ကြဉ်လာနိုင်မယ်။လောကမှာ လူသားတွေ လိုချင်တောင့်တနေတဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတွေရှိတယ်။ ဒီချမ်းသာတွေဟာ အကျိုးတရားတွေဖြစ်တယ်။ ဒီချမ်းသာ သုခအကျိုးတရားတွေကို မကြာမကြာ ဆုတောင်းခြင်းဖြင့် ပို၍လိုချင်လာမယ်။ ရောက်ချင်တဲ့ စိတ်တွေများလာရင် ထိုချမ်းသာတွေ ရရာ၊ ရကြောင်းတွေကို ကြိုးစားအားထုတ် ကျင့်ကြံလာကြမယ်။ ကောင်းတဲ့အပြုအမူ အပြောအဆို အကြံအစည်တွေကို လက်တွေ့လုပ်ဆောင်လာရင် လူ နတ် နိဗ္ဗာန်ချမ်းသာတွေကို တကယ်မုချ ရောက်နိုင်ကြမယ်။ဒီလို အပါယ်လေးပါးစတဲ့ ဆင်းရဲတွေကို ကြောက်လန့်လာပြီး မကောင်းမှုဒုစရိုက်တွေကို ရှောင်ကြဉ်မှု အကျင့်တွေ ဖြစ်လာမှာနဲ့ နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တလာပြီး ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်လာကြမယ်ဆိုတဲ့ အကျိုးတရားကို မျှော်မှန်းပြီး ရှေးဆရာတော်ကြီးများက ဩကာသ ဘုရားရှိခိုးမှာ ဆုတောင်းကို ထည့်ထားခြင်းဖြစ်ပါတယ်။ သို့သော် ရပါလို၏ ဆိုရုံနှင့်မရ၊ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကိုကျင့်မှ ဆင်းရဲကင်းပြီး ချမ်းသာကို ရမယ်လို့ သတိပြုကြရပါမယ်။ကုသိုလ်ကောင်းမှုပြုပြီး ဆုမတောင်းရင်လဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်က ကောင်းတဲ့အကျိုးကို ပေးမှာအမှန်ပါပဲ။ ဒါပေမဲ့ ဆုမတောင်းထားတဲ့အတွက် တစ်ဘုံဘုံမှာ ချမ်းသာတစ်ခုခုကို ပေးပါလိမ့်မယ်။ ကုသိုလ်ကောင်းမှုပြုပြီးရင် ဆုတောင်းတာဟာ ပိုကောင်းပါတယ် ။ဥပရိပဏ္ဏသ အဋ္ဌကထာမှာ ပြဆိုတာက “ ကောင်းမှုပြုပြီးရင် ဆုတောင်းမှ ဖြစ်ချင်တဲ့ဘုံမှာ လိုချင်တဲ့ချမ်းသာကို ရနိုင်တယ်။ ဆုမတောင်းရင် ဒီကုသိုလ်ကြောင့် ဘာဖြစ်မယ်လို့ မသေချာဘူး (ဂတိမမြဲဘူး) ။ လိုချင်တာတွေ ဆုတောင်းပြီး ကုသိုလ်ကောင်းမှုကို လက်တွေ့မလုပ်ပြန်ရင်လဲ တောင်းတဲ့အတိုင်းမရဘူး။ ဒါကြောင့် ကုသိုလ်ကောင်းမှုလဲ ပြုကြပါ။ ကုသိုလ်ပြုပြီးရင်လဲ မိမိလိုရာဆုကို တောင်းကြပါလို့ ” တိုက်တွန်းထားပါတယ်။ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးရမယ်ဆိုပြီး ကုသိုလ်တစ်ခုခုကို ပြုပြီးရင် ဘာဖြစ်လို့ ဆုတောင်းနေကြသလဲ ? ဆုတောင်းတာ အပိုဖြစ်မနေဘူးလား ? တောင်းဖို့လိုသေးလား ? လို့ မေးစရာရှိပါတယ်။ဇောတိကသူဌေးလောင်းဟာ ကုသိုလ်ပြုပြီး သူပိုင်တဲ့ပစ္စည်းကို သူမပေးဘဲ မြက်၊ ဝါးခြမ်းစိတ်မျှ မယူနိုင်ပါစေနှင့်ဟု ဆုတောင်းခဲ့လို့ ယခုဇောတိက သူဌေးဖြစ်တဲ့အခါ သူ့ပစ္စည်းကို ဘယ်သူမှ ခိုးယူလို့မရဘူး။ အဂ္ဂသာဝကဆု၊ ဧတဒဂ်ဆုတွေကို အတိတ်ဘဝက တောင်းခဲ့ကြတဲ့အတွက် ယခုဘုရားရှင်လက်ထက်တော်မှာ တောင်းတဲ့ဆုနဲ့ ပြည့်စုံကြတယ် ပိဋကတ်မှာ နေရာအများတွေ့နိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးရင် မိမိလိုတဲ့ဆုကို တောင်းသင့်တယ်လို့ မှတ်ကြရပါမယ်။ဒါန၊ သီလ စတဲ့ ကာမာစရကုသိုလ်ဟာ နိဗ္ဗာန်ကို တိုက်ရိုက်မရောက်နိုင်ပေမဲ့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဣဒံမေပုညံ အာသဝက္ခယံ ဝဟံ ဟောတု ဤကောင်းမှုသည် နိဗ္ဗာန်ကို ပေးဆောင်နိုင်ပါစေသတည်း၊ ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု ဤကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်စေသတည်းလို့ ဆုတောင်းလေ့ ရှိကြတာဖြစ်ပါတယ်။ရှေ့မှာပြခဲ့သလို နိဗ္ဗာန်ကို ဆုတောင်းခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ခံစားလိုစိတ်ဖြစ်ကာ ဝိပဿနာတရားတွေကို လက်တွေ့ကျင့်ကြံဖြစ်ဖို့ အထောက်အပံ့ဖြစ်တဲ့အတွက် ကုသိုလ်ပြုပြီးတိုင်း ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန် ရောက်ရပါလို၏။ နိဗ္ဗာန်အထောက်အပံ့ ဖြစ်ရပါလို၏လို့တော့ ဆုတောင်းသင့်ပါတယ်ဆိုတဲ့အကြာင်း နှိုးဆော်လိုက်ရပါတယ်။(ဆရာသောင်းလွင်- ဘီအေ)ရေးသားပြုစုသည်။

တရားတော် မဟာမြိုင်တောရဆရာတော် ဦးဇောတိက

ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ၊ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။ စိတ်လည်း ကျန်းမာရမယ်။ သူငယ်ချင်း အပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်းများ ရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်း အပေးအယူ အပြန်အလှန်ရှိပီတော့ တစ်ယောက်ကို တစ်ယောက် နားလည်တဲ့ ချစ်ခင်လေးစာတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နာလည်းရမယ် သိရတယ်။ စားဝတ်နေရေးလည်း အဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရမယ်။ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ အများကြီး ရှိသေးတယ်။ ဘာသာ တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျ သိတဲ့ သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့ သူတွေ ဖြစ်ရမယ်။ တရားထူး အသိဉာဏ်ထူးကို ရနိုင်တဲ့ သူတွေလည်းဖြစ်ရမယ် စသဖြင့်ပေါ့။ အဲဒီလို မျှော်လင့်ရင် သူတို့အတွက် ငါတို့ ဘာတွေ စီစဉ်ပေးရမယ်။ မိဘတစ်ဦးတည်းလည်း မတတ်နိုင်ဘူး။ ကျောင်းက ဆရာ ဆရာမတွေချည်းပဲလည်း မတတ်နိုင်ဘူး။ မိဘဘက်ကလည်း လုပ်ပေးနိုင်သလောက်လည်း လုပ်ပေးရမယ်။ ဆရာဆရာမတွေဘက်ကလည်း တတ်နိုင်တာ လုပ်ရမယ်။ တခါတလေ မိဘတွေ မတတ်နိုင်တာဆိုရင် တတ်နိုင်တဲ့ သူတွေနဲ့ ထိတွေ့ပေးရတယ်။
ဘုန်းကြီးကိုယ်တိုင် အဲဒီလို လုပ်ပေးတာပဲ။ စာအုပ်ကောင်းလေးတွေ ရှာပေးတယ်။ တိတ်ခွေကောင်းတွေ ရှာပေးတယ်။ တခါတလေ စာဖတ်ပြတယ်။ ဖတ်ပြရင်းနဲ့ ဆွေးနွေး ပေးတယ်။ သူတို့ ဒုက္ခတွေ အခက်အခဲတွေ ကြုံရတဲ့ အခါ ကိုယ့်ကို လာပြောလို့ ရှိရင် ဖြတ်လမ်းနည်းနဲ့ မဖြေရှင်းပေးဘူး။ နက်နက်နဲနဲ နားလည်အောင် ထပ်ခါ ထပ်ခါ ဒါကို ဆွေးနွေးပေးတယ်။ ဒါကြောင့် ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လို သဘောထားကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လုပ်ရင် အဆင်ပြေမလဲ။ နောင် ဒီလို အခက်အခဲမျိုး မကြုံရအောင် ဘယ်လို သဘောထားရမလဲ၊ ဘယ်လို ပြောရမလဲ၊ ဘယ်လို ဆိုရမလဲ။ နေတာ ထိုင်တာ ပြောတာ စားတာ၊ သောက်တာ ဝတ်တာက အစ ဘာမှ မကျန်အောင် ဆွေးနွေးတယ်။
ကိုယ့်ကိုကိုယ် ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်ဖြစ်ရမယ်။ ကိုယ့်ကိုကိုယ် လေးစားရမယ်။ ကိုယ့်ကို သူများလည်း လေးစားရမယ်။ အဲဒီလို ဖြစ်အောင် 'ဘယ်လိုနေရမလဲ။ အဲဒီလို သင်ပေးတော့လည်း တတ်လာတာပါပဲ။ ''ဒီလိုလူ'' ဖြစ်လာအောင် ဆိုပီ ရည်ရွယ်ချက် ထားရတာပဲ။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။ ပြောပါများရင် သူတို့ သဘောပေါက်လာမယ်။
မိဘတွက သားသမီးတွေကိုတော့ ချစ်ကြပါတယ်။ ပညာတွေ သင်ပေးတယ်။ ဘွဲ့တွေရစေချင်တယ်။ အလုပ်တွေ ကြီးကြီးကျယ်ကျယ် လုပ်စေချင်တယ်။ ပိုက်ဆံတွေ အများကြီး ရှိစေချင်တယ်။ ဒါတွေ အားလုံး ကောင်းပါတယ်။ လိုအပ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု။ မြင့်မြတ်မှုကို အထောက်အကူပေးဖို့ အရေး မပါလာရင် တကယ်အဆင့်မြင့်တဲ့ မေတ္တာလို့ မပြောနိုင်သေးဘူး။
အပျော်အပါး လုံးဝကင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင် သင်ပေးပြီ နောက်တစ်ဖက်ကလည်း တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင် လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။ ဒါမှ မိဘဝတ္တရား ကျေမယ်။ မိဘမေတ္တာကလည်း ပိုပြီတော့ လေးနက်ပီပြင်လာမယ်။
လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ ပြောကြတယ်။ ဘုန်းကြီးတွေကြည့်တယ်။ လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။ လူကောင်းက တော်မှ ကောင်းတာတွေကို ထိထိရောက်ရောက် လုပ်နိုင်မယ်။ မကောင်းတဲ့ သူတွေတော်ရင် မကောင်းတာတွေကို များများလုပ်လိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ကောင်းတဲ့သူကို အားကျအောင် သင်ပေးရမယ်။ စာအုပ်ကောင်းတွေကို ဖတ်ပြရမယ်။
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲတဲ့ သူတွေ ဉာဏ်ရှိတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမဲ့ အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင် ဘယ်လိုလုပ်ပီ ပြောရဲဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ၊ လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွပ်လပ်မှုကို ဘယ်လောက်တန်ဖိုး ထားသလဲ ဆိုတာ သားသမီးတွေကို ဘယ်လောက် လွပ်လွပ်လပ် ဆွေးနွေးခွင့် ပြောခွင့် လုပ်ခွင့် ပေးသလဲဆိုတာနဲ့ တိုင်းတာလို့ရတယ်။
ကိုယ့်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့ နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့ လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့ အိမ်လို့ဆိုနိုင်မယ်။ လွတ်လပ်သော အိမ်ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။
လွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့ အိမ်ထောင်ဖြစ်အောင် လုပ်ရမယ် အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်) ရှိရမယ်။ သဘောထား အယူအဆတွေ မတူတာတွေကို မကြောက်မရွံ့ ပြောလို့ရတဲ့ နေရာဟာ ကိုယ့်အိမ်ပဲ ဖြစ်ရမယ်။ သားသမီးတွေ လွတ်လပ်တဲ့ စိတ်ဓာတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။
သဘောထား အယူအဆ မတူတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့်ဆွေးနွေးခွင့်တော့ ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့် ပေးမှလည်းပဲ ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့ အရည်အချင်း ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း၊ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရလာမယ်။
သားသမီးကို ချစ်ရင် စဉ်းစားခွင့်ပေးပါ။။ မိဘကနေရာတကာ စဉ်းစာမပေးပါနဲ့။ မိဘက သားသမီးအစား စဉ်းစား ဆုံးဖြတ်ပေးတာ ချစ်ရာ မရောက်ဘူး။ သားသမီးတွေ သူ့ဟာသူ စဉ်းစာတတ်အောင် လမ်းကြောင်းရုံတင်ပေပြီး သူတို့ဟာ သူတို့ ဆုံးဖြတ်တတ်အောင် အားပေးပါ။ စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူ ဖြစ်လာမယ်။
ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူ စဉ်းစား။ သူ့ဟာသူ ဆုံးဖြတ်၊ သူ့ဟာသူ တာဝန်ယူ၊ မှားသွားရင်လည်း သူ့ဟာသူပြင်၊ အဲဒီလို နေသွားမှသာ တကယ့်ပြင်ပလောကမှာ လက်တွေ့ဘဝကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်နိုင်တဲ့ တာဝန်ယူနိုင်တဲ့ သူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံးဘယ်သူ့ကိုမှ အားမကိုးတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ သူတွေ ဖြစ်လာနိုင်တယ်။
လူဟာ ကိုယ့်အသိဉာဏ်။ ကိုယ့်အတွေးအခေါ်။ ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ် နေရမှသာ ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ် နေရမယ်ဆိုရင် ဘယ်လိုမှ အားရမှု ကျေနပ်မှု မရှိဘူး။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ ကိုယ်ပိုင်ခံစားချက် မရှိရင် သူဟာ သီးခြားရပ်တည်နိုင်တဲ့ လူသားတစ်ယောက်ဖြစ်တယ်လို့ မပြောနိုင်ဘူး။
သားသမီးလုပ်ရင် လွဲမှာ၊ မှားမှာစိုးလို့ မိဘကချည်း အစစ အရာရာ လိုက်လုပ်ပေးလို့၇ှိရင် ဒီသားသမီးက ကြီးလာတဲ့အခါ ဘာမှ မလုပ်တတ်တော့ဘူး။ လုပ်လည်း မလုပ်ချင်တော့ဘူး။ ဒီလိုကလေးတွေဟာ အစွမ်းအစမဲ့တဲ့သူတွေ စိတ်အားငယ်တဲ့သူတွေ ဖြစ်လာမယ်။
မိဘတွေအနေနဲ့ အလုပ်သင့်ဆုံး အလုပ်က ကိုယ့်အပေါ် မှီခိုတာ၊ အားကိုးတာ၊ နဲသထက်နဲအောင် လုပ်ပေးရမယ်။ ကူညီရမယ်။ ပြုစုပျိုးထောင်ပေးရမယ်။ သားသမီးလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ကိုယ့်အပေါ် မှီခိုနေရတဲ့ အဖြစ်ကနေ သူ့အားသူကိုးနိုင်အောင် အခွင့်အရေး ပေးရလေလေပဲ။ သူ့ကိစ္စသူ တာဝန်ယူနိုင်အောင် သူ့ကို အားပေးရမယ်။ နည်းလမ်းပေးရမယ်။ သားသမီးကို ချစ်တယ်ဆိုရင် သူ့မှာရနိုင်တဲ့ အရည်အချင်း မှန်သမျှ များများရအောင် သူ့ကို အခွင့်အရေး ပေးရမယ်။
မိဘတွေက သားသမီးတွေကို သူ့ဘာသာ တွေးခေါ်မြော်မြင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်ရမယ်။ ဒီလိုဖြစ်အောင် အထောက်အကူပေးသင့်တယ်။ နည်းလမ်းပေးသင့်တယ်။ ဒါမှ တကယ်ချစ်ရာရောက်မှာ။
တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့ သူ တဖြည်းဖြည်း လူကြီးဖြစ်အောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ် သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက မေတ္တာကရုဏာအပြည့်နဲ့ ကောင်းတဲ့နည်းနဲ့ အထောက်အကူ ပေးလိုက်ပါ။ တစ်နေ့ မိဘတွေ မရှိတော့တဲ့ အခါမှာ သူ့အားသူ့ကိုးပြီးတော့ သူ့အသိဉာဏ်နဲ့ သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ့ လုပ်သွားရမှာ၊ အဲဒါကို ဘယ်အချိန်ကစပြီ ပြင်ဆင်ရသလဲဆိုတော့ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။
ခေတ်ကာလကို နားလည်ပြီတော့ အခြေအနေအရ သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေတတ်သွားဖို့ သူ့ကို အထောက်အကူပေးရမယ်။ သူ့အတွက် အဆင်ပြေအောင် မိဘက ကြိုတင်ပြီးတော့ အသိဉာဏ်ကြီးကြီးနဲ့ ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။
တစ်နေ့ ငါတို့ သားသမီးတွေဟာ ငါတို့ကို ခွဲခွါပြီး ရပ်ဝေးကို သွားနေရမှာ၊ အဲဒီအခါမှာ သူတို့ ဘယ်လိုနေမလဲ၊ ထိုင်မလဲ၊ ဘယ်လိုလူတွေနဲ့ ဆက်ဆံမလဲ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စဉ်းစားတတ်ပြီလား။ အလေ့အကျင့် ရှိနေပြီးလား၊ သဘောပေါက်ပြီးလားဆိုတာ စဉ်းစားထားသင့်တယ်။
စဉ်းစားထားပြီးတော့ အခုကတည်းက သွားတာ လာတာ နေတာ ထိုင်တာ ပေါင်းတာ သင်းတာ၊ ဘယ်အချိန် ဘယ်အခါ ဘယ်နေရာကို သွားသင့်တယ်။ အန္တရယ်မရှိအောင် ဂုဏ်သိက္ခာ မထိခိုက်အောင် ဘယ်လို နေသင့်တယ်။ ဘယ်လို လူကို မပေါင်းသင့်ဘူး။ ပေါင်းသင့်တယ် ဆိုတာကအစ လူကဲခတ်တတ်အောင် မိဘက သင်ပေးဖို့ လိုတယ်။ ဒီလို သင်မပေးခဲ့ရင် ဗြုန်းကနဲ ထွက်သွားတဲ့အခါမှာ သူတို့ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။ ဒီမှ မဟုတ်ရင် သံယောဇဉ်ကြီးပြီ သောကဖြစ်နေတာကို တကယ့် မေတ္တာလို့ အဓိပ္ပါယ်ကောက်နေလိမ့်မယ်။
ငါ့မှာတော့ သူ့ကို ချစ်လိုက်ရလို့ သောကတွေ ဖြစ်လိုက်ရတာလို့ တွေးမယ် နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။ အဲဒါ သမုဒယ သံယောဇဉ်၊ ပူလောင်တယ်။ မေတ္တာဟာ ဉာဏ်နဲ့ ယှဉ်တယ်။ ဉာဏ်နဲ့ ယှဉ်တဲ့ အတွက်ကြောင့် ပူလောင်မူကို မဖြစ်စေဘူး။
သူ့ကိုမြင်ရင် ဝမ်းသာတာတို့၊ ပျော်တာတို့၊ သူ့ကိစ္စတွေ အမျိုးမျိုးဆောင်ရွက်ပေးတာတို့၊ သူ့အတွက် အနစ်နာခံတာတို့ဟာ မေတ္တာရဲ့ အရေးပါတဲ့ အသွင်သဏ္ဍာန် ဖြစ်ပါတယ်။ ဒါပေမဲ့ မေတ္တာရဲ့ အမြင့်ဆုံးအဆင့် ရောက်တဲ့အခါမှာ မေတ္တာဟာ ခံစားမှု မဟုတ်တော့ဘူး။ အသိဉာဏ်နဲ့ နားလည်ပြီးတော့ အကောင်းဆုံး အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားတယ်။ မေတ္တာဆိုတာ ခံစားမှု မဟုတ်တော့ဘဲ အကျိုးကိုလိုလားခြင်း ဖြစ်သွားတယ်။ အကျိုးကို လိုလားခြင်းဆိုတာ အသိဉာဏ်ဖြစ်သွားပြီးနော်။ တကယ်မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးတာ မဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။

တစ်ချိန်က မြန်မာတွေ ရွှေထီးဆောင်းခဲ့တယ်နော်

အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်တွင် ဦးသန့်အားဂုဏ်ြပုသည့် ဓါတ်ပုံပြပွဲ ပြုလုပ်ကျင်းပ.....မင်းမဟော် ရေးသည်။ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။
အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။ဆက်လက်၍ ၄င်းကပင်'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။ထို့ပြင်..''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်းဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။ဦးသန့်က ....မိန့်ဆိုသည်မှာ...'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။ထိုစာတမ်းသည်.....ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။Referance;The Voice weekly Journalfrom internet newsဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာတူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာအင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်းအေ၇ှ့အလယ်ပိုင်း အရေးအခင်းဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာကမ္ဘာ့လောင်စာ ပြဿနာတောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။ဦးသန့်အမှတ်တရများအတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။U Thant Island ဦးသန့်ကျွန်းအမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
Jalan U Thantမလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
ွှTaman U ThantTaman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
what are they? where are they?
U Thant Peace Awardဦးသန့်ငြိမ်းချမိးရေးဆုဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။ကျေးဇူးတင်ပါသည်။လေးစားစွာဖြင့်မင်းမဟော်(ယခု ဆောင်းပါးကို သင့် မိတ်ဆွေ များအား ဆက်လက် ပေးပို့ နိုင်ပါသည်။)I copied this mail from other post.I am very proud for our U Thant.Our people are sharp and bright in the world.We should try as not only U Thant but also Daw Su.We should never give up!Ko Shwe EngineerB.E ( Electrical Power )Embassy of Japan.Part-time training teacher 1.Automation & Pneumatic 2.Programmable Logic ControllerDual-Tech engineering training center.M.E.E.G Computer training center.

Sunday 1 November 2009

မဟာသမယနေ့(တန်ဆောင်မုန်းလပြည့်)

?ui=2&view=att&th=124ae6bf5ff63398&attid=0.1&disp=attd&realattid=ii_124ae6bf5ff63398&zwမေမေချစ်သော သားသား နဲ့မီးမီးရေ

မေမေတို့ ငယ်ငယ် ကတော့ တော်တော်လေး ပျော်ခဲ့ဘူးပါတယ်။ တန်ဆောင်တိုင်ပွဲတော် ဆိုရင် ကန်တော့ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန် သင်္ကန်း အလှူ ပွဲတော် မသိုးသင်္ကန်း ယက်လုပ် ပူဇော်ပွဲတော်၊ မဲ ဇလီ ဖူးသုပ် ဝေငှသော ပွဲတော်၊ ကျီးမနိုးပွဲတော် တွေကိုပြုလုပ်ခဲ့ ကြတာရဲ့ အတိတ်ခန္ဓာ အစဉ်တန်းဟာ အခုပြန် တွေး အခု ပြန် ပေါ်လာတော့တာပေါ့။
တန်ဆောင်မုန်း လပြည့်နေ့ကို သာမည ဖလ အခါတော်နေ့ အဖြစ် သတ်မှတ်တာ ကတော့မေမေ အရင် က မပြောပြ ဘူးသေး ပါဘူး။
ဂေါတမ ဘုရားရှင်လက်ထက်တော် အခါက တန်ဆောင်မုန်း လပြည့် ညမှာ အဇာ တသတ် မင်းသား မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပနေပါတယ်။ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီး အဇာတသတ် မင်းသားက
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။
လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။ အဇာတသတ်မင်းတရားဟာ အဖေကို သတ်မိတဲ့အကုသိုလ်ကံ ကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။
အဇာတသတ် မင်းသားလေးဟာ ငယ်ရွယ်စဉ် အခါမှာ ဒေဝဒတ် ကိုဆရာတင်မိပြီး အပေါင်းအသင်း မှားတဲ့ အတွက် ဖခင် ဘုရင်ကြီးကို သတ်မိသည်အထိ ဆိုးသွမ်း ခဲ့ဘူးတာ ကလေးတို့ သိပြီးသားဖြစ်မှာပါ။ ပဉ္စာနန္တိယ ကံကြီးထိုက်ပြီးတဲ့ အချိန်က စလို့ အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။
အဲဒီ ဝေဒနာပျောက်ကင်းအောင် မည်သည့်ဆေး နှင့်မှ ကုစား မရဖြစ်နေခဲ့တာ အမတ်တွေအကြံ ပေးတဲ့အတိုင်း တိတ္ထိ ဆရာကြီး ၆ ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက် ပြန်လာခဲ့ရပါတယ်။
သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။
အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ ကလေးပေါ့။ အဲဒီ အချိန်မှာ မြတ်စွာဘုရားဟာ ရာဇဂြိုလ် မြို့အနီး သမားတော် ကြီး ဆရာ ဇီဝက လှူ ဒါန်း ထားတဲ့ သရက် ဥယျာဉ် မှာ သီတင်းသုံးနေတဲ့ အချိန်ဖြစ်နေပါသေးတယ်။ သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။
အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။
အဲဒီ သာမညဖလသုတ္တန်ဟာ ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက် ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။
ရဟန်းပြုခြင်း အကျိုးတွေကို ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထားလိုက်ပါ အုံးနော်။
သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။
အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ် ကလေးတို့ရေ..။
သူရဲ့ အမှား ကို နောင်တ ဖြစ်ပြီး သတိတရားရလာ ခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာ ပါတယ်။
****မြတ်စွာဘုရား တပည့်တော်သည် မိုက်၍ တွေဝေ၍ မလိမ္မာ၍ အပြစ်သည် တပည့်တော်ကို လွှမ်းမိုးသွားခဲ့ပါပြီ။ တရားစောင့်သော တရားသဖြင့် မင်းပြုသော ခမည်းတော်ကို မင်းစည်းစိမ် ( အာဏာ) ဟူသော အကြောင်းကြောင့် တပည့်တော် သတ်မိခဲ့ပါ၏။ ထို တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား။**** လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။
မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။
နောက်တော့လည်းသူဟာပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။
ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ ကလေးတို့ရေ..။
အဇာတသတ်မင်း တရား ဘုရားရှင်ကို အဖူးအမျှော် သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ကလေးပေါ။ နန်းတော်က ဘုရား ကျောင်းဆောင်ကို သွားတဲ့အခါ နန်းမြို့တော် အရှေ့ဘက် တံခါးကထွက် ရလို့ အရှေ့ဘက်ရှိတောင်ရိပ်နဲ့ သစ်ပင် အရိပ်များလူသွားလမ်းပေါ် ကျရောက်နေလို့ မှောင်မဲ နေတာပေါ့လေ..။ ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။
ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းတရား အဘို့ တရားအဆုံးမှာ သောတာပန် တည်နိုင်တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံက မဂ်ဉာဏ် ဖိုလ် ဉာဏ် ကို တားမြစ်ထားခဲ့တာပေါ့လေ..။ ဒါကို သင်္ခန်းစာယူရပါလိမ့်မယ်။ သည် ဘဝမှာ မဂ်ဉာဏ် မရနိုင်တာကို သိပေမဲ့ အားတော့ မလျှော့ပါဘူး။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို ကြည်ညိုပြီးသာသနာကို ကြိုးစား စောင့်ရှောက်ခဲ့ပါတယ်။
၁။ အိပ် မပျော်တဲ့ ရောဂါ ဝေဒနာ ငြိမ်းအေးသွားခဲ့ပါတယ်။
၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။
၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။
၎။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့ လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။
၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။
မေမေ ကတော့ ပိုင်းလော့ဆရာ တော်ဘုရားကြီးသင်ကြားပေးလိုက်တဲ့ လင်္ကာလေးကို အမှတ်ရမိတယ်။
ကိုယ် မိုက်- မိုက်မှန်းသိ --- လူမိုက်ပညာရှိ
ကိုယ်ဆိုး- ဆိုးမှန်းသိ - လူဆိုးပညာရှိ
ဆိုးလျက်နဲ့ပင် တော်သည်ထင် ဆိုးမြဲ ဆိုးမည်ပင်။
ကလေးတို့လည်း အဇာတသတ်မင်းသားကို နမူနာ ယူပြီး သံသရာမှာ ကိုးကွယ် ဆည်းကပ်သင့်တဲ့ ဆရာမှားခဲ့ လို့ရခဲ့တဲ့ ဆိုးကျိုးတွေ အပေါ် သင်္ခန်းစာယူ နိုင်ကြပါစေ။ မေမေတို့ ကို သံသရာ့ချောက်ထဲမကျအောင် လမ်းကြောင်း မှန်ကိုသွန်သင် ဆုံးမသင်ကြားပြသပေးတဲ့ ကျေးဇူးတော်ရှင် သံဃာတော် အပေါင်းကို သာမညဖလ အခါတော်နေ့မှာ ရိုသေလေးမြတ်စွာ ရှိခိုးပူဇော်ကြရအောင်နော်။

(မာဂဓီ-သာစည်ရဲ့ ရာသီပွဲတော် နေ့များစာအုပ်ကို ဖတ်ရှု ကိုးကားရေးသား ပါတယ်။ မာဂဓီ-သာစည် အရှင်မြတ်ကိုလည်း ပူဇော် ဦးခိုက်လိုက်ပါတယ်)



--
Nibban nasa piccayaw hotu.
်စိုးဝေထွန်းမေးမှ