Monday 15 August 2011

ဘိုင်းရပ်စ်

virus အထူးသတင်း(လက်ဆင့်ကမ်းကြ)

☻✆ baby boy ✆☻♪♥♫★♬ သြဂုတ်လ 15, 2011 10:18pmတွင်☻✆ baby boy ✆☻♪♥♫★♬ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
စာပို့မယ် View Blog

ဒီသတင်းဟာယနေ့မနက်တွင် Microsoftနှင့်Nortonတို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။

ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့Power Point Presentation, Life is beautiful

ဆိုပြီးမေးလ် တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့် ချက်ချင်းdeleteလုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်

သင်၏computer secreen တွင် It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။

ထိုအခါသင်၏PCမှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။

Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်ုးလက်ဆင့်ကမ်းပေးကြပါ။

copy by edinooyin

အင်း...တော်သေးတာပေါ့....

မှတ်သားလောက်တဲ့ ကျောင်းသူလေးရဲ့ပေးစာ

အမေရီကန်နိုင်ငံ ၀ါရှင်တန်မြို့သို့ သွားရောက် ပညာသင်ကြားနေသော ကျောင်းသူလေးတစ်ဦးသည်မြန်မာနိုင်ငံရှိ သူ၏မိဘများထံသို့ ရေးသား ခဲ့သောပေးစာတစ်စောင်မှာ အောက်ပါအတိုင်းဖြစ်သည် ။

သို့/

သမီးအသက်နှင့်တမျှချစ်ရပါသော ကျေးဇူးကြီးမားလှသည့် ဖေဖေနှင့်မေမေ စိတ်ကိုတင်းနိုင်

သမျှတင်းထားပြီး ဒီစာကိုဆုံးအောင်ဖတ်ပေးပါလို့ ပြောကြားချင်ပါတယ်နော်ဖေဖေနဲ့ မေမေဟာ သမီးကိုအမေရီကန်နိုင်ငံ ၀ါရှင်တန်မြို့မှာရှိတဲ့ ကျောင်းတစ်ကျောင်းကို သွားရောက်ပညာ သင်ကြားစေခဲ့တာဟာ သမီးကိုကောင်းစားစေချင်လို့တော်စေချင်လို့ဆိုတာ သိတဲ့အလျောက် ဖေဖေနဲ့မေမေရဲ့ဆန္ဒအတိုင်း ကျောင်းစတတ်တဲ့နှစ်ကစပြီး သမီးစာကြိုး စားသင်ကြားခဲ့တာ တစ်နှစ်တစ်တန်းအောင်မြင်ခဲ့ပါတယ် ဒါပေမယ့်နောက်ဆုံးနှစ်ရောက်တဲ့ အချိန်မှာတော့ သမီးလိမ်လိမ်မာမာနေမယ်လို့ ဆုံးဖြတ်ထားတဲ့ကြားကပဲ သမီးနှလုံးသားကို ကိုင်လှုပ်သွားနိုင်တဲ့ အမေရီကန်နိုင်ငံသားတစ်ယောက်က သမီးကို ချစ်ရေးဆိုခဲ့တယ်မေမေ သမီးပထမတော့ငြင်းပါသေးတယ် ဒါပေမယ့်သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းမှုနဲ့ ရုပ်ရည် ချောမောမှုတွေကြောင့် သမီးဆက်မတင်းနိုင်တော့ပဲ သူ့အချစ်ကိုလက်ခံခဲ့မိတယ်မေမေ အဲဒီ က်ပိုင်းကိုယ့်ကိုကိုထိန်းသိမ်းခဲ့ပေမယ့် ကျူးကျူးလွန်လွန်တွေဖြစ်ပြီး သူ့ရဲကိုယ်ဝန်လွယ်လိုက်

ရတယ်မေမေ ( အဟင့် ရွှတ်) အဲဒီတော့သမီးလည်းမထူးဘူးဆိုပြီး သူနဲ့ အတူတူနေဖို့ဆုံးဖြတ် ပြီး လက်ထပ်လိုက်တယ်လေ ပထမသူပြောတာက ကိုးကွယ်ချင်တဲ့ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ပါတဲ့ ယူလည်းပြီး ရောသမီးကို သူရဲ့ဘာသာဖြစ်တဲ့အစ္စလာန်ဘာသာထဲကို အတင်းဝင်ခိုင်းတော့တာပဲမေမေ သမီးလည်းမ၀င်ချင်လို့ ပထမအကြောက်အကန်ငြင်းခဲ့ပေမယ့် မ၀င်ရကောင်းလားဆိုပြီးနှိပ်စက်တယ်လေ သမီးလည်းသူနှိပ်စက်တာကို မခံနိုင်တော့အဆုံး သူ့ဘာသာထဲဝင်လိုက်ရတော့တာပေါ့နော် ယူကာစကကြင်နာပေမယ့် နောက်ပိုင်းမှာနှိပ်စက်လိုက်တာပြောမနေပါနဲ့ တော့ ခုဆိုရင်သမီးရဲ့ကိုယ်ဝန်ကခြောက်လရှိနေကာမှ သူ့ရဲ့ဘ၀မှန်ကပေါ်လာတယ်မေမေ သူဟာအမေရီကန်မှာဒုစရိုက်မှုတွေများစွာကျူးလွန်ထားတဲ့ အကြမ်းဖက်ခေါင်းဆောင် တစ်ယောက်တဲ့မေမေ အဲဒါကိုသိလိုက်ရတဲ့အချိန်မှာ သမီးလေအကြီး အကျယ် တုန်လှုပ်သွားခဲ့ပါတယ် ခုသူ့ကိုအမေရီကန် အစိုးရကဖမ်းဆီးထောင်ချထားပြီးမေမေ ခုသမီးမှာလေ ကျောင်းလည်းဆက်မတတ်နိုင် အလုပ်က မရှိတော့ငတ်တလှည့်ပြတ်တလှည့် လူကလည်းမပေါ့မပါးကြီးနဲ့ ဒုက္ခတွေရောက်နေပါတယ်ဆိုမှ သူ့ရဲ့ဇနီးဖြစ်တဲ့သမီးက အမှုရင်ဆိုင်ဖို့ရုံးကိုနေ့တိုင်းသွားနေရတယ်မေမေ ခုအဲဒီဒဏ်တွေကိုမခံ နိုင်တော့လို့ ကိုယ့်ကိုကိုသတ်သေချင်စိတ်တောင် ပေါက်နေပြီဖေဖေနဲ့မေမေရယ် ခုသမီးရဲ့မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးနဲ့ ဘယ်လောက်ဒုက္ခသုက္ခတွေရောက်နေမလဲဆိုတာ ဖေဖေနဲ့ မေမေ ကွက်ကွက်ကွင်းကွင်းမြင်နေမှာပါနော် ဖေဖေနဲ့မေမေလည်း ဘယ်လောက်တောင်စိတ်ထိခိုက်ပြီး ယူကျုံးမရဖြစ်ကာ သောကတွေရောက်နေမလဲဆိုတာ သမီးသိပါတယ်ဖေဖေနဲ့မေမေရယ် ဒါပေမယ့်အဲလောက်ကြီးလည်း စိတ်ထိခိုက်ဝမ်းနည်းမနေပါနဲ့နော် တကယ်တော့ခုသမီးပြောခဲ့တာတွေဟာ တစ်ခုမှအမှန်မဟုတ်ပါဘူး အမှန်တကယ်က သမီးခုဖြေခဲ့တဲ့နောက်ဆုံးနှစ်စာမေးပွဲမှာ ခြောက်ဘာသာမှာငါးဘာသာရှုံးပြီး ခွေးကျဝက်ကျ ကျခဲ့တယ်မေမေ ခုဒီအဖြစ်ဟာ ဟိုးအပေါ်က အဖြစ်နဲ့စာရင် မိုးနဲ့မြေလောက်ကွာခြားနေပါလိမ့်မယ် အဲဒီတော့ငါတို့ရဲ့သမီးလေးဟာအပေါ်က ပြောခဲ့တဲ့အတိုင်း အကြီးအကျယ်မိုက်မဲတာမျိုးမဟုတ်ပဲ ဒီလောက်လေးပဲမိုက်မဲတာပါလား ဆိုပြီးဖြေတွေးတွေးရင်း ပြန်လည်တတ်ရောက်ရမယ့် နောက်ဆုံးနှစ်အတွက် လိုအပ်နေတဲ့ငွေကြေးလေးထက် ပိုပိုသာသာလေးပို့ပေးဖို့ ဒီစာလေးနဲ့ လေးလေးနက်နက်ေ တာင်းဆိုလိုက်ပါတယ်နော်အပေါ်ဆုံးကပြောသလို အဖြစ်ဆိုးကြီးမဖြစ်ခဲ့ပဲ ဒီလောက်လေးပဲ ဖြစ်ခဲ့အောင်နေနိုင်ခဲ့တဲ့ ဖေဖေနဲ့ မေမေရဲ့ သမီးအလိမ္မာလေးအတွက် ဂုဏ်ယူလို့မဆုံးဖြစ်ကြပါစေနော် ခုဒီနှစ်ကိုတော့ အောင်မြင်ရပါစေမယ်လို့ ကတိခံရင်း ပို့ပေးမယ့်ငွေတွေကို မျှော်နေမယ့် သမီးအလိမ္မာလေး ပလီပလာချစ်စု

************************************************************

မှတ်ထားကြနော်

ကဲ သူငယ်ချင်းတို့ရေ မရှိမဲ့ရှိမဲ့ ဥာဏ်လေးကို ဖြစ်ညှစ်ထုတ်ပြီးရေးထားရတဲ့အတွက်

သဘောကျနှစ်ခြိုက်မှုမရှိတောင် ပြုံးစိစိလေးတော့ လုပ်ပေးကြပါနော်

ဖူးစာရှင်လေးဆိုဒ်ထဲမှာ ပျော်ရွှင်ချမ်းမြှေ့ကြပါစေဖို့ဆုတောင်းရင်း

မိုးမြင့်ယံ(ဖူးစာရှင်လေး)

09moemyint@gmail.com

ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး
ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး
ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး၏ ရင်သပ် ရှုမောဖွယ် မြင်ကွင်းများ

ဗီယမ်နမ်နိုင်ငံ တောနက်တွင်းတွင် တွေ့ရှိရသော ရင်သပ် ရှုမောဖွယ် မြင်ကွင်းများဖြင့် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးမှာ အလွန်ရှည်လျားပြီး ယခုအထိ ထိုလှိုဏ်ဂူကြီး၏ အဆုံးတစ်ဘက်ကို ရှာမတွေ့သေးကြောင်း သိရသည်။

ဗီယမ်နမ် ဘာသာဖြင့် Hang Son Doong (တောင်ပေါ်မြစ်လှိုဏ်ဂူ) ဟု အမည်ရသည့် လှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် Hồ-Khanh ဟု အမည်ရသော ထိုတောတွင်း ဒေသခံမှာ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။

ဗီယမ်နမ် တောနက်အတွင်း ပျောက်ကွယ်နေသော Hang Son Doong လှိုဏ်ဂူကြီးသည် ဂူအခွဲပေါင်း ၁၅၀ ကျော်ပါဝင်ပြီး တစ်ခုနှင် တစ်ခု ဆက်နွယ်နေသော ကြီးမားသည့် ကွန်ယက်ဂူကြီးဖြစ်သည်။ ထိုဂူကြီးအား တွေ့ရှိရသည့် အကြောင်းကို ၂၀၀၉ ခုနှစ်အထိ အများပြည်သူအား အသိပေးဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဗြိတိသျှ လှိုဏ်ဂူ သုတေသန အသင်းမှ သိပ္ပံပညာရှင်များဖြစ်သော Howard နှင့် Deb Limbert တို့ ဦးဆောင်သော အဖွဲ့သည် ဗီယမ်နမ်၏ အမျိုးသားဥယျာဉ် Phong Nha-Ke Bang ကို လေ့လာရင်း Hang Son Doong လှိုဏ်ဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Deb Limbert ၏ ပြောကြားချက်အရ အဆိုပါဂူကြီးသည် ဗီယမ်နမ်၏ အကြီးဆုံး လှိုဏ်ဂူဟု မူလက သတ်မှတ်ထားသော Phong Nha ဂူထက် ၅ ဆခန့် ပိုမိုကြီးမားသည်ဟု ဆိုသည်။

Hang Son Doong လှိုဏ်ဂူကြီး၏ ရှာဖွေတွေ့ရှိသော အကြီးဆုံး အပိုင်းသည် ၅ ကီလိုမီတာခန့် ရှည်လျားပြီး မီတာ ၂၀၀ (ပေ ၆၅၀ကျော်) မြင့်မားသည်။ အကျယ် မီတာ ၁၅၀ ရှိပြီး ထို အတိုင်းအတာများကြောင့် Hang Son Doong လှိုဏ်ဂူကြီးသည် ယခင်က ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူဟူသည့် အမည်ရရှိထားသော မလေးရှာနိုင်ငံမှ Deer ဂူကို သာလွန်သွားပြီဟု သိရသည်။

Intrepid journeycaver stands front huge rock formation the light shines beneath skylight Hang Son Doong

eden

Wonderful waterfallswaterfall explodes into Hang Son Doong the hidden depths the Vietnamese jungle which part network over caves

Going undergroundExpedition members enter the cave tunnelled out the Rao Thuong River Vietnam the cave was discovered

vietnam cave

Gigantic proportionsmammoth miles long ft wide and almost ft high Hang Son Doong also known Mountain River Cave high double decker buses

nationalgeographic x wallpaper cb

Wednesday 2 February 2011

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု

ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာကွာလဲ? မြန်မာပြည်မှာ ဗုဒ္ဓဘာသာ မကိုးကွယ်ခင် ဘာတွေကိုးကွယ်နေလဲ? ဘယ်သူက ဗုဒ္ဓဘာသာကို ဖြန့်ဖြူးခဲ့လဲ? နတ်တွေ ဘာလို့ ကိုးကွယ်ကြလဲ? သိခြင်ရင် ဖတ်ကြည့်........

ဂေါတမဘုရားရှင် မပွင့်မီက အိန္ဒိယမှာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ ?
အဲဒီအချိန်တုန်းက အိန္ဒိယမှာ ဗြဟ္မဏ၀ါဒလို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အမျာဆုံး ကိုးကွယ်နေကြတယ်။ ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ-ဂိဝေဒ ဖြစ်တယ်။ အဲဒီ ရိ-ဂိဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာ ၀င်ရောက်လာကြတဲ့ အာရယန်လူမျိုးတွေရဲ့ တေးဂီတတွေပါတယ်။ အာရယန်တွေဟာ နေ၊ ရေ၊ မီး၊ လေစတဲ့ သဘာဝအင်အားတွေကို သက်ရှိအဖြစ် ပြောင်းပြီး နေနတ်၊ လေနတ်၊ မီးနတ်၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်တွေ အဖြစ်နဲ့ ကိုးကွယ်ပူဇော်နေကြတယ်။ ၈၀၀-ဘီစီလောက်မှာ ဥပနိသျှဒ်ခေါ်တဲ့ကျမ်းတွေ ပေါ်လာတယ်။ အဲဒီကျမ်းတွေထဲမှာ…၁။ ၀တ်ပြု ကိုးကွယ်ပူဇော်နည်း၊ ၂။ အတ္တကို စင်ကြယ်စေဖို့ခြိုးခံ ကျင့်ကြံအားထုတ်နည်း၊ ၃။ သံသရာမှလွတ်မြောက်ရန် ကမ္မဌာန်းတရား အားထုတ်နည်းတွေကို ဖော်ပြကြတယ်။ ဟိန္ဒူဝါဒအရ အတ္တဟာတစ်ဘ၀ပြီး တစ်ဘ၀ဆက်ကာဆက်ကာ သံသရာကျင်လည်နေတယ်။ အဲဒီလိုကျင်လည်ရာမှာ ကောင်းမှု မကောင်းမှုအရ ကောင်းတဲ့ဘ၀၊ ဆိုးတဲ့ဘ၀မှာ ကျင်လည်ရတယ်။ အဆုံးအစမရှိ ကျင်လည်နေရတဲ့ သံသရာမှ လွတ်မြောက်ရေးနည်းလမ်းတစ်ခုဟာ ရှိရမယ်လို့ ယုံကြည်ကြတယ်။ အဲဒီ လွတ်မြောက်ရေးလမ်းကို ရှာကြံရာက အဘိဓမ္မာဆရာကြီးတွေ အမြောက်အမြား ပေါ်ထွက်လာကြတယ်။ တချို့က အဲဒီဂိုဏ်းဆရာကြီးတွေကို ကိုးကွယ်ပြီး တချို့ကတော့ မီးနတ်၊ နေနတ်၊ လေနတ် စတဲ့ သဘာဝနတ်တွေကို ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ သူ့အရင်ပေါ်နေတဲ့ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်မှု ဘာသာတွေက ဆင်းသက်လာတာလား ?
မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာက ဆင်းသက်လာတာ မဟုတ်တဲ့အပြင် အဲဒီဟိန္ဒူနဲ့ နတ်ကိုးကွယ်မှု ဘာသာရေးတွေကို လုံးဝဆန့်ကျင် တော်လှန်တဲ့ ဘာသာဖြစ်တယ်။ (ဒါပေမယ့် ကမ္ဘာကိုပြန့်နေတဲ့ ဗုဒ္ဓဘာသာကတော့ ဟိန္ဒူဝါဒနဲ့ နတ်ကိုးကွယ်မှုဝါဒတွေ အနည်းအကျဉ်းရောနှော ပါဝင်နေတယ်လို့ ကြိုတင်မှတ်ထားနှင့်ပါ။)


အနော်ရထာမင်းစော မတိုင်ခင်က မြန်မာလူမျိုးတွေဟာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ?
ထေရ၀ါဒဗုဒ္ဓသာသနာကို မဖြန့်မီ မြန်မာလူမျိုးတွေကား…
(၁) ကမ္ဘာ့အစောဆုံး ကိုးကွယ်မှုဖြစ်တဲ့ နတ်နဂါးတွေကို ကိုးကွယ်နေကြတယ်။
(၂) အိန္ဒယပြည် ဟိန္ဒူကုန်သည်တွေဆီကတစ်ဆင့် ရရှိတဲ့ ဟိန္ဒူနတ်တွေ ဘုရားတွေနဲ့ ဟိန္ဒူဗြာဟ္မဏ ၀ါဒတွေကို ကိုးကွယ်နေကြတယ်။
(၃) မြောက်ပိုင်း ဗုဒ္ဓဘာသာလို့ခေါ်တဲ့ မဟာယာနဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ တန္တရယာနတိဗက်ဗုဒ္ဓ ဘာသာကိုလည်း ကိုးကွယ်နေ ကြတယ်။
(၄) မဟာဂီရိ၊ မြင်းဖြူရှင်စတဲ့ မြန်မာပြည်ဖြစ် နတ်တွေကိုလဲကိုးကွယ်နေကြတယ်။

အနော်ရထာမင်းစော ထေရ၀ါဒဗုဒ္ဓဘာသာကို ဖြန့်ဖြူးပြီးတဲ့နောက်မှာ မြန်မာလူမျိုးတွေဟာ အထက်ပါ ကိုးကွယ်မှုအဟောင်းတွေကို လုံးဝ စွန့်လွှတ်ခဲ့ကြပါသလား?
အသစ်ရောက်လာတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုအဟောင်းတွေထက် အဘက်ဘက်က သာလွန်ပြီးဟောကြားတဲ့ တရားတော်တွေဟာ ပိဋကတ် အခိုင်အမာရှိတယ်။ ရဟန်းတော်တွေရဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ ၀ိနည်းတော်နဲ့အညီဖြစ်တယ်။ ဒါကြောင့်လဲ မင်းနှင့်တကွပြည်သူလူထုက ထေရ၀ါ၏ ဗုဒ္ဓသာသနာအသစ်ကို အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး လေးလေး စားစား ကြည်ညိုကိုးကွယ်ကြတယ်။ ဒါပေမယ့် ဘိုးဘေးအစဉ်အဆက်က ကိုးကွယ်ဆည်းကပ်လာတဲ့ ရိုးရာနတ်ကိုးကွယ်မှု၊ ဟိန္ဒူဗြဟ္မဏအယူတွေကို အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါဘူး။ ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အသစ်ဟာ အဟောင်းဖြစ်တဲ့ နတ်ကိုးကွယ်မှုနဲ့ ဟိန္ဒူဗြဟ္မဏ ကိုးကွယ်မှု မဟာယာနကိုးကွယ်မှုတွေနဲ့ ယှဉ်တွဲထွန်းကားခဲ့တာဟာ ယနေ့တိုင် ဖြစ်ပါတယ်။

နတ်ဟိန္ဒူနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေ ရောနှောနေယင် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒတောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနိုင်ပါ့မလား?
ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ မြန်မာလူမျိုးတွေကလဲ ခံယူတယ်။ ကမ္ဘာကလဲ အသိအမှတ်ပြုတယ်၊ ရဟန်းတော်တွေဟာ ထေရ၀ါဒ ၀ိနည်းတော်အတိုင်း ကျင့်သုံးနေထိုင်ပြီး ထေရ၀ါ၏ ပိဋကတ်တွေကိုသာ သင်အံဟောကြားတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်လိုပဲ အသိအမှတ်ပြုပြု မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုထဲမှာ နတ်ဟိန္ဒူနဲ့မဟာယာန ယဉ်ကျေးမှုတွေ ရောနှောနေတယ်ဆိုတာကိုလဲ အသိအမှတ်ပြုရမှာပဲ။ ဟိန္ဒူဗြာဟ္မဏအယူဝါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေကို လက်ခံကျင့်သုံးခဲ့တာ နှစ်ကာလကြာညောင်း လာတဲ့အတွက် ထေရ၀ါ၏ဗုဒ္ဓဘာသာ အယူလို့ပဲ မှတ်ထင်နေကြပါတယ်။ ဒီလိုအမှန်ကို မသိကြတော့လို့လဲ မြန်မာ့ယဉ်ကျေးမှုဟာ ထေရ၀ါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုစစ်စစ် ဖြစ်တယ်လို့ ယုံကြည် မှတ်ယူနေကြခြင်း ဖြစ်ပါတယ်။

နတ်ကိုးကွယ်မှုကတော့ ထင်ရှားပါတယ်။ ဟိန္ဒူဗြဟ္မဏနဲ့ မဟာယာန ကိုးကွယ်မှုတွေက ဘယ်ဟာတွေပါလဲ ?
ထင်ရှားတဲ့ ဟိန္ဒူဗြာဟ္မဏ အယူဝါဒတွေကတော့ ဘုရားကိုးဆူပူဇော်တဲ့အခါ ဂြိုဟ်ကြီိးကိုးလုံး ဂြိုဟ်နတ်ကြီးကိုးပါးတို့ မြန်မာနိုင်ငံစေတီပုထိုးတွေရဲ့ အရပ်(၈)မျက်နှာမှာ ဂြိုဟ်တိုင်(၈)တိုင်ထားတာတို့၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးလှည့်စတဲ့ ဗေဒင် အဟောဆိုင်ရာတွေဟာ ဟိန္ဒူဗြာဟ္မဏအယူဝါဒတွေဖြစ်ပြီး ရေမွှေးပုလင်း စသည်တို့၌ ရှင်ဥပဂုတ်ရုပ်တု၊ ရှင်သီဝလိရုပ်တုများထည့်ကိုးကွယ်မှု၊ အင်းအိုင်၊ ခါးလှည့်လက်ဖွဲ့နဲ့ မှော်အတက်ပညာတွေဟာ မဟာယာနတန္တရယာနရဲ့ အယူအဆတွေ ဖြစ်တယ်။ ဒီအယူအဆတွေနဲ့ ပတ်သတ်ပြီး နောက်မှ ထပ်ရှင်းပြပါဦးမယ်။

အနော်ရထာမင်းစေဟာ နတ်ကိုးကွယ်မှုတွေ ဘယ်လို နှိမ်နှင်းခဲ့ပါသလဲ?
အနော်ရထာမင်းစောဟာ အလွန်သန့်စင်တဲ့ ထေရ၀ါရဗုဒ္ဓဘာသာကို နိုင်ငံအနှံ ဖြန့်ဝေပေးပေမယ့် လူတွေဟာ ကိုးကွယ်မှုအဟောင်းဖြစ်တဲ့ နတ်တွေကိုလဲ စွဲမြဲကိုးကွယ်နေကြတဲ့အတွက် အနော်ရထာမင်းစောဟာ ပုဂံနေပြည်တော်မှာရှိတဲ့ နတ်ကွန်းတွေကို ဖျက်၊ နတ်ရုပ်တွေကို ပိဿနိုးနတ်ကွန်းကြီးထဲထည့်ပြီး သော့ပိတ်ထားစေတယ်။ အဲသလို ပိဿနိုးနတ်ကွန်းကြီးကိုလဲ နတ်ရုပ်တွေထည့်လှောင်ထားလို့ နတ်လှောင်ကျောင်းလို့ ခေါ်တွင်ကြတယ်။ ဘုရင်ကိုယ်တိုင်က နတ်ကိုးကွယ်မှုကို နှိမ်နှင်းနေပေမယ့် နတ်ကွန်းနတ်ရုပ်မရှိပေမယ့် နတ်တွေကို တိတ်တဆိတ်ပူဇော် ပသနေကြတယ်။ ဒါကို ဘုရင်အနော်ရထာသိလို့ လူတွေရဲ့ နတ်ကိုးကွယ်လိုတဲ့ ဆန္ဒလဲပြည့်ဝစေ၊ နတ်ပူဇော်ဖို့လာရင်းနဲ့ ဘုရားကိုလဲရှိခိုး ပူဇော်ဖြစ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေစည်းခုံဘုရားတည်တဲ့အခါ စေတီဘေး တစ်နေရာမှာ မြန်မာနတ်(၃၇)မင်း ရုပ်လုံးပုံတွေကို ထုလုပ်ထားပေးတယ်။ သူရဿတီ၊ မဟာပိန္နဲစတဲ့ ဟိန္ဒူနတ်တွေကိုတော့လုံးဝ အစဖျောက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မရောက်ခင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်မှုဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့်အတူ ယှဉ်ပြိုင် ထွန်းကားခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တောင်ပိုင်း ထေရ၀ါဒ ဘာသာ မရောက်မီ မြောက်ပိုင်း မဟာယာနအနွယ် အရည်းကြီး ရဟန်းတွေဟာ ဘယ်လို ကျင့်ကြံနေထိုင်ကြပါသလဲ?
အရည်းကြီး ရဟန်းတွေဟာ အ၀ါရောင်သင်္ကန်းတွေကို မ၀တ်ကြဘူး။ ဒီနေ့ရသေ့တွေဝတ်တဲ့ အညိုမဲပုပ်ပုပ်အရောင် သင်္ကန်းတွေ ၀တ်ဆင်ကြတယ်။ ဆံပင်တွေကို လက်လေးသစ်ကျော်အထိ အရှည်ထားကြတယ်။ မုတ်ဆိတ်မွေး အရှည်ထားကြတယ်။ ရဟန်းနဲ့မတူဘဲ ရသေ့နဲ့ပိုတူနေတယ်။ သူတို့မှာ ပိဋကတ်စာပေ အခိုင်အမာမရှိဘူး။ သူတို့ကိုယ်တိုင်လဲ နတ်ကိုးကွယ်တယ်။ လူတွေကိုလဲ နတ်ကိုးကွယ်မှုအတွက် ဆောင်ရွက်ပေးတယ်။ ထန်းရည် အရက်တွေလဲသောက်တယ်။ အဂ္ဂရတ်ထိုးတယ်။ ဆေးကုတယ်။ အင်းအိုင်ခါးလှည့်လက်ဖွဲ့၊ မန္တန်တွေကို စီရင်ပေးတယ်၊ ဗေဒင်ဟော ဓာတ်ရိုက်လုပ်ငန်းတွေကို လုပ်ကြတယ်။ မင်္ဂလာဆောင်တော့မယ့် သတို့သမီးကို မင်္ဂလာမဆောင်မီ တစ်ညအရည်ကြီးတွေဆီ လွှတ်ပေးရတယ်။ ဒါကို ပန်းဦးလွှတ်တယ်လို့ ခေါ်ပါတယ်။ အရည်းကြီးဂိုဏ်းရဟန်းတွေရဲ့ အင်အားဟာလဲ မနည်းလှဘူး။ ဂိုဏ်းချုပ် အရည်းကြီး(၃၀)နဲ့ နောက်လိုက် အရည်းကြီး ခြောက်သောင်းကျော် ရှိတယ်။ ဒီအရေအတွက်ကိုကြည့်ရင် ပုဂံနေပြည်တော်မှာ အရည်းကြီးသာသနာ ဘယ်လောက် ထွန်းကားခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

အရည်ကြီးတွေကို အနော်ရထာမင်းစော ဘယ်လို နှိမ်နှင်းခဲ့သလဲ?
သန့်စင် မွန်မြတ်တဲ့ ထေရ၀ဒ ဗုဒ္ဓသာသနာပုဂံကို ရောက်လာတဲ့အခါမှာ အနော်ရထာမင်းစောဟာ အရည်းကြီးရဟန်းတွေကို လူဝတ်လဲပေးတယ်။ ဆင်ချေးကျုံး၊ မြင်းချေးကျုံးစတဲ့ အလုပ်တွေကို လုပ်စေတယ်။ အချို့ အရည်းကြီး လူထွက်တွေကတော့ ဆေးဆရာ၊ ဗေဒင်ဆရာ၊ ပယောဂဆရာ၊ မျက်လှည့်ဆရာအဖြစ်နဲ့ အသက်မွေးကြတယ်။ အရည်းကြီးရဟန်းတွေဟာ အသွင်အားဖြင့် လုံးဝပျောက်သွားပေမယ့် သူတို့ရဲ့လုပ်ငန်း အမွေအနှစ်တွေကတော့ ယနေ့တိုင် မြန်မာ့ယဉ်ကျေးမှုအဖြစ် ဆက်လက်တည်ရှိနေတယ်။ ဒီပညာရပ်တွေကို ဒီနေ့အထိဆက်လက်သယ်ဆောင် ဖြန့်ဖြူးခဲ့သူတွေကတော့ အရည်းကြီး လူထွက်ဆရာတွေပဲ ဖြစ်တယ်။

ထေရ၀ါဒ ရဟန်းတော်တွေက ဘာဖြစ်လို့ အင်းအိုင်ခါးလှည့် လက်ဖွဲ့၊ မန္တန်မှော် ပယောဂနဲ့ ဗေဒင်ပညာတွေကို ဆက်ခံဖြန့်ဖြူးကြပါသလဲ?
လူတွေဟာ အသိဥာဏ် မတိုးတက်သေးတော့ အထက်ပါ ပညာရပ်တွေမှာ စွဲလမ်းယုံကြည်ကြတယ်။ မိမိတို့ရဲ့ ပစ္စုပ္ပန်လောလောဆယ် အကျိုးအတွက် ဆရာတွေထံ ချဉ်းကပ်မေးမြန်းကြတယ်။ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြတယ်။ လူတွေရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ဆရာလိမ် ဆရာညာတွေလဲ ပေါများလာတယ်။ မိမိတို့ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းနေတဲ့ တကာတကာမတွေရဲ့ အကျိုးအတွက် ဒီပညာတွေကို တချို့အနည်းငယ်မျှသာ ထေရ၀ါဒရဟန်းတော်တွေက ဆက်လက်လေ့လာကြတယ်။ တကာတကာမတွေကို ဟောပြောကြတယ်။ နတ်ကိုးကွယ်မှုကို လုံးဝပိတ်ပင်လို့ မရတဲ့အခါမှာ ဘုရားဖူးပြီးရင်တော့ နတ်တွေကို ပူဇော်ရင် ပူဇော်ကြပါစေဆိုပြီး စေတီဘေးမှာ နတ်ရုပ်တွေ ထားပေးသလိုပါပဲ။ အင်းအိုင် မန္တန် ပယောဂတွေကို လုံးဝမယုံကြည်ဖို့ ပိတ်ပင်လို့ မရတော့ လူလိမ် လူညာတွေ ဘေးမှလဲလွတ်စေတော့။ ဒီပညာတွေနဲ့ ပတ်သက်ပြီး သာသနာနဲ့ ဆက်စပ်မှုလဲ ဖြစ်စေတော့ဆိုတဲ့ သဘောနဲ့ ထေရ၀ါဒ ရဟန်းတော်များကလဲ ဒီပညာတွေကို အဆင့်ဆင့်သင်ယူခဲ့ သင်ကြားပိုပချပေးခဲ့ကြတာပါပဲ။ ဘာသာရေး ရူထောင့်နဲ့ဝိနည်း ကျင့်ဝတ်ရူထောင့်အရ မလျော်ပေမယ့် သာသနာပြု ရူထောင့်၊ လူမှုရေး ယဉ်ကျေးမှုရူထောင့်က ကြည့်ပြီး လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။

နတ်နဲ့ဗေဒင် မန္တန်တွေကို ဘာကြောင့် လူတွေ စွဲလမ်းယုံကြည်ကြသလဲ ?
ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ ဘုရားဟာ အခြားဘာသာတွေရဲ့ ဘုရားတွေလို ကယ်တင်မှု မစမူ မရှိဘူး။ အမှန်တရားကိုသာ ညွှန်ပြတော်မှုနိုင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရတယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးရမယ်လို့ ဗုဒ္ဓကဟောတယ်။ လူတွေဟာ မရသေးတဲ့ရာထူးဂုဏ်သိန် စည်းစိမ်ကိုရချင်တယ်။ ရပြီးသားရာထူးစည်းစိမ်တွေ ဆုံးရှုံးပျောက်ပျက် သွားမှာစိုးရိမ်တယ်။ ကြောက်တယ်။ ဒီလိုချင်တဲ့စိတ်နဲ့ ကြောက်စိတ်ကို နတ်တွေ ဗေဒင် အင်းအိုင် မန္တန်တွေကသာ လက်ငင်းဒိဌ ကူညီမစနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီလို လောလောဆယ် လောကီကောင်းကျိုးတွေ ရဖို့အတွက် နတ်၊ ဗေဒင်၊ အင်းအိုင် မန္တန်တွေကို ယုံကြည်အားကိုးနေကြခြင်း ဖြစ်တယ်။

ဒီနေ့ မြန်မာတွေ ဟောပြော ယုံကြည်နေကြတဲ့ ဗေဒင်ဟာ ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဗေဒင်(၄)ပုံနဲ့ တူပါသလား?
မတူပါဘူး၊ ဝေဒကျမ်း(၄)မျိုးရှိတဲ့ အနက် နောက်ဆုံးမှပေါ်လာတဲ့ အာထဗ္ဗဏဝေဒကျမ်းတစ်ကျမ်းနဲ့သာ တူပါတယ်။ အာထဗ္ဗဏဝေဒကျမ်းမှာ စုန်း တစ္ဆေ ကဝေ မှော် မယောဂအတတ်၊ ၀ိဇ္ဇာဇော်ဂျီတပသီတွေနဲ့ အင်းအိုင် ခါးလှည့် လက်ဖွဲ့အတတ်၊ မြေလျှိုးမိုးပျံတဲ့ ဂန္ဓာအတတ်တွေ ပါတယ်။ ဒီနောက်ဆုံး အာထဗ္ဗဏဝေဒကြောင့် ဘာသာရေးသက်သက်ဖြစ်ပြီး မွန်မြတ်တဲ့ အခြေားဝေဒသုံးကျမ်းရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတယ်။ ဒါကြောင့်အချို့ ဗြာဟ္မဏဆရာကြီးတွေက နောက်ဆုံး အာထဗ္ဗဏဝေဒကို မလေ့လာကြဘူး။ ပိဋကသုံးပုံသာရှိသလို ဗေဒင်ဟာလဲ သုံးကျမ်းပဲလို့ အသိအမှတ်ပြုကြတယ်။ ရှေ့ပိုင်းဗေဒင်သုံးကျမ်း ဟာလဲ ဟိန္ဒူဗြာဟ္မဏ ဘာသာရေးဆိုင်ရာ ၀တ်ပြုကိုးကွယ်မှု ပူဇော်ပသမှုတွေကိုပြတဲ့ ကျမ်းတွေဖြစ်ပါ တယ်။ ယနေ့ မြန်မာပြည်မှာ ဟောနေတဲ့ ဗေဒင်မျိုး မဟုတ်ပါဘူး။

ဗေဒင်မန္တန်တွေဟာ တကယ် မှန်ကန်ပါသလား ?
မှားတာရှိသလို မှန်တာလဲ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစင်စစ်ဖြစ်မယ်လို့ ဗေဒင်ပညာနဲ့ ဟောခဲ့တယ်။ ပုဏ္ဏားအချို့ဟာ ဘုရားရှင်ရဲ့ လက္ခဏာတော်ကို မြင်တာနဲ့ ဘုရားပဲလို့ အတတ်သိပြီး ပူဇော်ကြတာလဲ ရှိပါတယ်။ အခြားမန္တန်ဗေဒင်နဲ့ ပတ်သက်ပြီး ဟောထားတဲ့ ပိဋကပါဠိတွေ ဇာတ်ဝတ္ထုတွေလဲ ရှိပါတယ်။ မြေလျှိုမိုးပျံနိုင်တဲ့ ဂန္ဓာရီအတတ်နဲ့ လွဲမှားမှာစိုးလို့ ရဟန်းတွေ တန်ခိုးက္ကုဒ္ဓိပါတ်မပြရဘူးလို့ ဘုရားရှင်ပညတ်ခဲ့တယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်ခေါင်းပါးမှု၊ ယုံလွယ်တတ်မှု၊ ရာထူးဂုဏ်သိန်၊ လာဘ်လာဘရလိုမှုတွေကို အခွင့်ကောင်းယူပြီး ဗေဒင်မန္တန်အတတ်တွေကို တကယ်တတ်မြောက်အောင် မသင်ပဲ လိမ်ညာဖြီးဖြန်း စားသောက်နေသူတွေ များကြတဲ့အတွက် သိပ္ပံခေတ်လူငယ်တွေက ဗေဒင်မန္တန်တွေကို အယုံအကြည် နည်းပါးလာခြင်း ဖြစ်ပါတယ်။


♣♣တောကူးကူးလေး♣♣ မှကူးယူဖေါ်ပြပါသည်


Tuesday 1 February 2011

ဆိုးဝါးတဲ့ ကံကြမ္မာ

မဟာချူလာတက္ကသိုလ်မှ ပြန်ရောက်ပြီး လွယ်အိပ်ကလေးချလို့ အမောပင်မပြေနိုင်သေးပါ..

ဖုန်းမြည်လာတယ် ဦးဇင်း တပည့်တော်မ အသိတစ်ယောက် ဦးဇင်းဆီလာတယ် တနင်္ဂနွေဆွမ်းစားပင့်ခြင်လို့ပါတဲ့ ဖုန်းဆက်လာတာက အပျိုခေါင်းဆောင် လူထောင်ချီရှိတဲ့စက်ရုံမှာ မြန်မာတွေရဲ့ သာရေးနာရေးကို စေတနာထားဆောင်ရွက်ပေးနေတဲ့ ဒကါမ..

ဦးဇင်းတို့ကျောင်းမှာရှိတဲ့ မြန်မာသံဃာ ၁၀၀ ကျော်ကို လစဉ် ရေဖိုးမီးဖိုး ဦးဆောင်လှူပေးနေသော ဒကါမ..

သူက လွှတ်လိုက်တာက ဒကါ.. ပိန်ပိန်ပါးပါး ပုသိမ်သား..

ဦးဇင်းဆီလာပြီး ရှိခိုးကန်တော့လိုက်တော့ ဦးဇင်းကဘဲမေးရတယ်

ဘာဆွမ်းကပ်မှာလဲ

နို့ဆွမ်း

ဟိုက်.. တခါမှ မကြားဖူးပါလား.. ဖုန်းကြီးဝတ်လာတာ ၁၉၉၇ ကတည်းက.. ဘယ်လိုကြီးပါလိမ့်

ဦးဇင်းအတွေးမမီတော့… မေးရုံမှ တပါးအခြားမရှိတော့

ဘာလို့နို့ဆွမ်းကပ်တာလဲ….

တပည့်တော်သမီး လေးဆုံးလို့ပါ…

အသက်ဘယ်လောက်ကြီးပလဲ

တရက်သမီးလေးဆုံးသွားတာပါ..နာမည်က ခင်မျိုးပါ.

ဘယ်လိုဆုံးသွားတာလဲ…

မွေးချိန် လေးနာရီကျော်သွားတယ် ဦးဇင်းရေ တာဝန်ကျဆရာမတွေကိုလည်း ခဏခဏ ပြောသေးတယ် ခွဲမွေးမှ ရမယ်ဆိုလည်း ခွဲမွေးပါ့မယ် သားဦးလေးမို့ပါ .. အိမ်ထောင်သက်တမ်းလည်း ၅နှစ်ကျော်ပါပြီ အခုမှ ကလေးတင်တာပါ …

တာဝန်ကျဆရာမက ရပါတယ်တဲ့ (အင်းလေ ရပါတယ်ဘဲပြောမှာပေါ့ ပိုက်ဆံရတာက နည်းတယ်လေ.. ခွဲမွေးရင် သူတို့ အလုပ်သရီမယ် ပိုက်ဆံပိုစိုက်ရမယ်လေ)

တပည့်တော်လည်း

အော် ရပါလိမ့်မယ်ပေါ့

ဒါပေမဲ့ သမီးလေးကို ခက်ခက်ခဲခက်နဲ့ လေးနာရီကျော်ကြာမွေးနေတယ် ခွဲဖို့စိတ်မကူးကြဘူး အထဲကသမီးလေး သားအိမ်ကျဉ်းကျဉ်းလေးထဲမှာ ဘယ်လောက်အနေကြပ်လိုက်မလဲ ဘယ်လောက်အသက်ရှူခက်လိုက်မလဲ ကျွန်မ အသက်ရှူလို့မရဘူး မွန်းနေတယ် ကျွန်မကို ခွဲမွေးမှ ရမယ်လို့လည်း စကားမပြောနိုင်ဘူး… ကျွန်မကို ကယ်ကြပါ.. မြန်မြန်လေးအသက်ရှူခွင့်ရအောင် လုပ်ပေးကြပါ ပိုက်ဆံမျက်နှာမကြည့်ပါနဲ့ လူမျိုးမျက်နှာမကြည့်ပါနဲ့ လူသားတစ်ယောက်ဆိုတဲ့ အမြင်မျိုးလေးနဲ့ဘဲ ကျွန်မကို လူလောကထဲ ရောက်အောင် မွေးပေးပါလို့ သမီးလေးမပြောနိုင်ခဲ့ပါ နှစ်မိနစ် သုံးမိနစ်လောက် အသက်အောင့်ထားရင်တောင် အတော်အနေခက်ရတယ် လေးနာရီဆိုတဲ့အချိန် စဉ်းစားသာကြည့်ကြပါ

ဘန်ကောက်မှာ ဘန့်ဘောကောက် ဆိုတဲ့ ဆေးရုံတွေရှိတယ် ကိုယ့်မှာ ဘတ် (အလုပ်သမားကဒ်) သို့ ယာယီပတ်စ်ပို့ ရှိရင် ကြိုက်တဲ့ ဆေးရုံပြ ဘတ် ၃၀ ဘဲပေးရတယ် ဘတ်သောင်းချီဘဲကုန်ပါစေ ဒါလောက်ပဲပေးရတယ် … နဲနဲဘဲကွာတယ်နော်..

ဒါပေမဲ့.. မြန်မာ လူမျိုး ဆိုရင် ထိုင်းတွေက အယုဒ်ဓယမြို့ဟောင်း အတိတ်သမိုင်းကြောင်း ဦးအောင်ဇေယျ ဆိုတဲ့ရာဇ၀င်ကြွေးတွေ သူတို့ခေါင်းထဲဝင်လာတယ် အဲဒီမျက်နှာဖုံးတွေနဲ့ ကြည့်ကြတယ် သူတို့မှာ အဲဒီအငြိုးတွေရှိနေသေးတယ်… ဒီရောက်မှ ကိုယ်နဲ့သူတို့နဲ့အမြင်မတူတာ တွေ့ရတယ် အဲဒီရာဇ၀င်ကြွေးတွေရှိတော့ မြန်မာဆိုရင် ဂရုမစိုက်တတ်ဘူး

အခုသမီးလေး မခင်မျိုးကို ဖွားတာကလည်း ဘတ်၃၀ ဘဲပေးရတဲ့ဆေးရုံမျိုးဆိုတော့

လူဘ၀ထဲကို ရောက်လာမဲ့ မခင်မျိုး ကံကြမ္မာဆိုးနဲ့ တွေ့လိုက်ရတယ် လောကဓမ်ကို အမေ့ဝမ်းထဲမှာဘဲ အရွယ်နဲ့မမျှ ခံလိုက်ရတယ်…. နောက်ဆုံးအသက်ပါ စတေးလိုက်ရတယ် ဒါက မြန်မာအလုပ်သမားတွေရဲ့ မမွေးသေးခင် ခံစားရတဲ့ ဘ၀ရဲ့ အဖြစ်ဆိုးတွေပါ

………..

နောက်နေ့မနက် တနင်္ဂနွေနေ့ အာရုဏ်ကျင်းအလင်းရောက်တော့… တက်စီလေးငှား အလှူအိမ်ဖုန်းဆက် တက်စီသမားနဲ့ပြော ထုံးစံအတိုင်း ချောချောမွေ့မွေ့နဲ့ဘဲရောက်သွားပါရော..

အလှူအိမ်ရောက်တော့… ဆွမ်းဝိုင်းမှာပြင်ထားတယ်… နို့ဆန်ပြုတ်လေးတွေ နို့ဗူးလေးတွေ နို့စို့ခွင့်တောင်မရသွားတဲ့ သမီးလေးခင်မျိုးအတွက် ဖြစ်လေရာဘ၀တွေမှာ နို့စို့ခွင့်ရပါစေ.. အသက်ပင် ကောင်းကောင်းရှူခွင့်မရတဲ့သမီးလေး အသက်ရှူခွင့် ရပါစေ အသက်ရှည်ရှည်နေနိုင်ပါစေဆိုပြီး ကပ်တာပါတဲ့ ….

ကန့်လန့်ကာလေးတွေကိုလည်း အနှီးအတွက်ကြိုပြင်ထားတဲ့ ကွယ်လွန်လေသူ သမီးလေး မခင်မျိုးရဲ့ ပိတ်စလေးတွေနဲ့ကာလို့ ရောက်လာတဲ့တရားနာ ပရိသတ်တွေလည်း စကားပင်မဟ စကားသံတိတ် ကြိတ်ပြီးတော့ဝမ်းနည်းနေကြတယ်…

ဘေးက အဖေါ်ဦးဇင်းတွေကြည့်တော့လည်း မျက်နှာတွေမကောင်းကြ….

မိခင်ဖြစ်သူလည်း သားသမီးစိတ်နဲ့ အိပ်ရာထဲဘုန်းဘုန်းလဲနေတာ အခုမှ နာလန်ထတယ် မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်ပါ

မိခင်ဖြစ်သူက သမီးလေး အတွက် နို့ဆွမ်းလာကပ်တာ မျက်လုံးထဲမှာ မျက်ရည်တွေအပြည့် ဆံပင်တွေက ဖယိုဖရဲ သူ့အမျိုးသားလက်ကိုဆွဲကိုင်ပြီး မနိုင့်တနိုင်ခြေလှမ်းတွေနဲ့ လှမ်းလာတယ် ခြေလှမ်းတွေကယိုင်နဲ့ အားအင်တွေက ချို့တဲ့နေပြီ ….

အဲဒါက ဦးဇင်းမြင်ရတဲ့ အပြင်က ပူလောင်မှုလေးပါ…

အထဲမှာဆိုဘယ်လောက်ပူရှာမလဲ….. ငါသမီးလေး ကြီးလာရင် ဘယ်လိုဆင်မယ် ဘယ်လိုပြုစုမယ် ဘယ်လိုယုယမယ် ဆိုပြီး မမြင်သေးတဲ့သမီးလေးမျက်နှာ မြင်ယောင်ပြီး စိတ်ကူးယဉ်ထားတဲ့ အိမ်မက်လေးတွေ…. မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ ကံကြမ္မာမုန်းတိုင်းရဲ့အောက်မှာ အချိန်မတိုင်မီ တစ်စစီလွင့်ပြယ်ခဲ့ရပြီ..

အမေ့ရင်ခွင်ထဲမှာ တစ်ရက်ပြည့်အောင်ပင် မှေးစက်ခွင့် မလိုက်ရတဲ့သမီးလေး အမေ့နို့တောင်သောက်စို့ခွင့် မရသွားရှာတဲ့သမီးလေး အမေဆိုတဲ့ စကားလုံးလေးတောင် ခေါ်ခွင့်မရလိုက်တဲ့သမီးလေး….

ကမ္ဘာမြေလောကကြီးမှာ ခြေတဖ၀ါးမှ ခြခွင့်မရလိုက်တဲ့သမီးလေး…

ဝလုံးလေးတောင်မှ ရေးခွင့်မရှာတဲ့သမီးလေး….

ကမ္ဘာမြေရဲ့လတ်ဆတ်တဲ့ လေပြေလေးတွေကိုရှူရှိုက်ခွင့်မရလိုက်တဲ့သမီးလေး

မွန်းကြပ်မှုတွေနဲ့ ခါးသီးတဲ့ လောကဓံရိုက်ချက်ကို အရွယ်နဲ့မမျှခံစားပြီး အသက်ပါပေးဆပ် လိုက်ရတဲ့သမီးလေး…

ဘယ်ဆီရောက်နေပြီလဲ သမီးလေးရယ် ……ဆိုတဲ့

ပြောမပြတတ်အောင် စာဖွဲ့လို့မရအောင် ရင်ထဲက မမြင်နိုင်တဲ့ ပူလောင်တဲ့သောကတွေနဲ့

ဆွမ်းကပ်ရှာပါတယ်…. သမီးလေး ကောင်းရာရောက်ပါစေလို့ ဆုတောင်းလေးချပေးတာတောင် မျက်ရည်တွေဝဲလို့ အသံပင်ကောင်းကောင်းထွက်မလာ…….

နေမကောင်းတာ အတော်ကြာပြီး နာလန်ထစမို့ ကောင်းကောင်းပင်မထိုင်နိုင် တရားပင်မနာနိုင်ရှာ သမီးလေးအတွက် ရေစက်ပင် မချနိုင်ရှာပါ…. ဆိုးဝါးတဲ့ကံကြမ္မာရယ်…

ဦးဇင်းလည်းတရားဟောလိုက်ပါတယ်

ပန်းဆိုတာ ကြွေမျိုး လူဆိုတာ သေမျိုးပေါ့

ကြွေတတ်တဲ့ပန်းမို့ ကြွေတာ သေတတ်တဲ့မျိုးမို့ သေတာ မဆန်းပါဘူး…

ဒါပေမဲ့ အကြွေစောခဲ့တယ် အသေစောခဲ့တယ်လေ… ကောင်းကောင်းပင် ကြွေခွင့်မရ ကောင်းကောင်းပင် သေခွင့်မရလိုက်ရှာ…

ဦးဇင်းတို့ တစ်တွေ စာဖတ်သူတွေ အားလုံးမသိခြင်း ၅ မျိုးနဲ့ အသက်ရှင်နေရတယ်လေ….

၁။ ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ

၂။ ဘယ်ရောဂါနဲ့ သေရမယ်ဆိုတာ

၃။ ဘယ်အချိန်ကာလမှာ သေရမယ်ဆိုတာ

၎။ ဘယ်သုဿံမှာ မြုတ်ရမယ်ဆိုတာ

၅။ သေပြီးဘယ်ဘ၀ ကိုရောက်မယ်ဆိုတာ မသိဘူး

အချုပ်ကတော့ ကြွေတတ်တဲ့ပန်းလေးတွေ မကြွေခင်မှာ ဝေေ၀ဆာဆာပွင့်နေအောင် လှလှပပနဲ့ မြေခ ကြွေကြနိုင်အောင် သေတတ်တဲ့မျိုးမို့ မသေခင် ဘ၀မှာတန်ဖိုးဖိုးရှိရှိနဲ့နေနိုင်အောင် မသိခြင်းတွေနဲ့ အသက်ရှင်နေရတဲ့ ဘ၀ကြီးမှာ… မသေခင်လေးမှာ ကောင်းတာလေးတွေကိုလုပ် ကောင်းတာလေးတွေပြော ကောင်းတာလေးတွေး ကောင်းတာလေးတွေရေး ကောင်းတာလေးတွေ ချက်(chatting)ပြီး ကိုယ့်ဘ၀တိုးတက်အောင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘာသာ ကိုယ့်သာသနာတိုးတက်အောင် တစ်ဆင့်ပြီးတဆင့် ဆောင်ရွက်နိုင်ပါစေ..လို့ ဆုတောင်း ပေးလိုက်ပါတယ်..

ကွယ်လွန်သွားတဲ့ သမီးလေး မခင်မျိုးလည်း ကောင်းရာသုဂတိလားပါစေ…

ရောက်ရာဘ၀က သာဓုခေါ်နိုင်ပါစေ အကျွန်ုပ်တို့ပြုသမျှ ကုသိုလ်အဖို့ ကိုလည်း

မျှပေးဝေလိုက်ပါတယ်……..

မခင်မျိုးရေ အမျှ…… အမျှ…… အမျှ……

အို... မိခင်

ဗြဟ္မာဘုံ၌နေသော ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရားလေးပါးနှင့် အမြဲနေထိုင်ကြသည်၊ ထို့အတူ မိဘတို့သည်လည်း ယင်းဗြဟ္မစိုရ်တရား လေးပါးနှင့် နေကြသည်ဟု ဟောတော်မှု၏။ မိဘများနေပုံမှာ-

(၁)မိခင်သည် သားသမီးများ ကိုယ်ဝန်သန္ဓေတည်ရှိသောအခါ ပူစပ်ချဉ်ငန် အစားအသောက် ရှောင်ရခြင်း၊ အကုန်းအကွ အထအထိုင် ဆင်ခြင်ရခြင်း၊ အလေးအပင်မထမ်းမရွက် ဆင်ခြင်ရခြင်း၊ ကိုယ်ဝန်သားငယ် ဒုက္ခဖြစ်စေမည့် အနေအစားအားလုံး ဆင်ခြင်နေရခြင်း စသည်ဖြင့် “ငါ့သားသမီး ကလေး ချမ်းသာပါစေ၊ ခြေလက်အင်္ဂါ ပြည့်ပြည့်စုံစုံနှင့် ချမ်းသာစွာ မွေးဖွားပါစေ” ဟု ချစ်ခြင်း မေတ္တာစိတ်သည် အမြဲဖြစ်ပွားနေ၏။ ဖခင်လုပ်သူကလည်း လိုအပ်သည်များကို အမြဲဖြည့်ဆည်းပေး နေလေ့ရှိသည်။

(၂) မွေးဖွားလာသောအခါတွင်လည်း သားသမီးကလေးမျက်နှာမြင်ရသည်နှင့် ကိုးလလွယ် ဆယ်လဖွားရသော အာဝေဏိက ဒုက္ခကြီးကိုပင် မေ့ပျောက်သားရှာ၏။ မွေးဖွားပြီးနောက် တအူဝဲ၀ဲ ငိုယိုကာ ထားသလိုနေရခြင်း၊ တစ်စုံတစ်ရာ အခံခက်၍ နာကျင်၍ ဆာလောင်၍နေသော်လည်း မပြောမဆိုတတ်၊ ပက်လက်ကလေး ထားသည့်အတိုင်းပင် နေရပြီး တစာစာငိုကြွေးလျှင် မိခင်၏ နှလုံးသားတွင် သနားခြင်း ကရုဏာစိတ်များ ဖြစ်ပွားရပြန်သည်။

(၃) သားသမီးကလေးများ မှောက်နိုင် လှန်နိုင် ထိုင်နိုင် ထနိုင် သွားစပြုနိုင် ပြုံးရယ်စပြုနိုင်၊ စကားတီတီတာတာ ပြောနိုင်ဆိုနိုင် ချိုမိုင်မိုင်လုပ်နိုင်လာသောအခါ မိဘတို့ရင်၌ ဖြစ်ရသော ၀မ်းမြောက်ကြည်နှုးမှု မုဒိတာစိတ်မှာ ပြောဖွယ်ရာ မရှိပြီ။ မိဘကို မဆိုထားဘိ၊ ဘေးကမြင်တွေ့ရသူများပင် ၀မ်းမြောက်၍ နေကြရ၏။ သားသမီးငယ်များက ကစားပြေးလွှား၍ ကျန်းမာပျော်ရွှင်နေသည်ကို မြင်ရတိုင်း မိဘတို့နှလုံးသားတွင် မုဒိတာတရား ဖြစ်ပွားရ၍ အရွယ်အလိုက် စာကြိုးစားခြင်း၊ အလုပ်ကူညီလုပ်ခြင်း စသည်ဖြင့် သားသမီးတို့ လိမ္မာလျှင် လိမ္မာသလောက် မိဘတို့ ၀မ်းမြောက်ရ၏။ ချမ်းသာရ၏။ အသက်ရှည်၏။ ထို့ကြောင့် သားသမီးတို့သည် မိဘတို့ အသက်ရှင်သမျှ ၀မ်းမြောက်ဝမ်းသာ ကျန်းမာချမ်းသာ၍ အသက်ရှည်စေရန် သားသမီးတို့က လိမ္မာအောင်နေထိုင်ပြကြဖို့ အင်မတန်မှ အရေးကြီးလှပေသည်။

(၄) သားသမီးများ အချိန်တန် အရွယ်ရောက်၍ အိမ်ထောင်ပြုကြသောအခါ၊ ကိုယ့်အိုး ကိုယ့်အိမ်နှင့် နေထိုင် ကြသော အခါ “ သြော် - ငါ့သားသမီးများ ကိုယ်စွမ်းကိုယ်စဖြင့် နေထိုင်နိုင်ကြပေပြီ” ဟု လျစ်လျူပြုသောအားဖြင့် သင့်တင့်မျှတသော ဥပေက္ခာစိတ်ထားကို ထားကြလေသည်။ သားသမီးများနှင် စပ်၍ တွယ်တာမှု (လောဘ)၊ ပူပန်စိုးရိမ်နေရမှု၊ ကြောင့်ကြမှု (ဒေါသ) ဟူသော အစွန်းနှစ်ဘက်မှ လွတ်ကာ ဥပေက္ခာစိတ်ထားဖြင့် ငြိမ်းအေးစွာ စိတ်ချလက်ချ နေထိုင် သွားနိုင်ကြခြင်း ဖြစ်သည်။

တိရစ္ဆာန်ဖြစ်တဲ့ နွားမကြီးတောင်မှ သူ့သားသမီးအတွက် အသက်ပေးသွားရဲသေးတယ် ဆိုလျှင် ငါတို့အမေတွေဟာ ငါတို့ကို ဘယ်အထိချစ်နိုင်လိမ့်မလဲဆိုတာ နှလုံးသားမှာ ခံစားပြီးတော့ သိလာလိမ့်မယ်။

အဲဒီတော့ သားသမီးတွေအပေါ်မှာ ဒီလောက်ထိ မေတ္တာထားနိုင်ကြတဲ့ ချစ်နိုင်ကြတဲ့ မိဘတွေအတွက် သားသမီးတွေကလည်း တာဝန်ကျေဖို့ ကျေးဇူးပြန်ဆပ်နိုင်ဖို့ လိုပါလိမ့်မယ်။

မိဘတိုင်းဟာ သားသမီးတွေဆီက မျှော်လင့်တဲ့ မျှော်လင့်ချက် (၅)ချက် ရှိတယ်လို့တို့ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့ပါတယ်။ အဲဒီငါးချက်ကတော့ -


မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မှုရာ၌ “မကောင်းမြစ်တာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြှားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ” ဟူ၍ ထိမ်းမြားမင်္ဂလာ ပြုလုပ်ပေးရမည်ဟု ညွှန်ပြတော်မှုခဲ့သည်။

ထိမ်းမြှားပေးလျှင် မိဘတာဝန် ကျေပွန်ပြီဆိုပြီး တော်စွလျော်စွ မယူဆစေလိုသောကြောင့် ဗုဒ္ဓဘာသာက အိမ်ထောင်ရေးတာဝန်ကို အလေးအနက် ထားကာ ပတရူပေန သံယောဇေန္တိ-မိမိတို့၏ မျိုးရိုးစဉ်လာ ကိုးကွယ်သည့်ဘာသာ၊ ရုပ်ဆင်းအင်္ဂါ၊ ကိုယ်ကျင့်သီလ စသည်တို့ဖြင့် သင့်လျော် လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့် ညွှန်ပြတော်မှုသည်။

လောက၌ ရွှေငွေ စသည်ကြွေးဆပ်လျှင် ကြွေးတင်သည် အရေအတွက် အားလျောစွာ ပေးဆပ်လို့ရ၏။ ကြွေးကျေ၏။ မိဘတို့မေတ္တာကား အနန္တဖြစ်၍ မကျေနိုင်။ မကျေနိုင်၍ မဆပ်လျှင် ကြွေးထပ်တင်ရန်သာ ရှိတော့သည်။

မြတ်စွာဘုရားဟောတော်မှုသည်မှာ သားသမီးတို့သည် ကျေးဇူးရှင် မိဘနှစ်ပါးအား ပခုံးတစ်ဘက်စီ၌ တင်ထား၍ အမြဲတမ်း မိဘနှစ်ပါးအား အစာကျွေးမွေးပေးခြင်း၊ ရေချိုးပေးခြင်း၊ နင်းနှိပ်ပေးခြင်း၊ သိပ်ပေးခြင်း၊ မိမိတို့ ပခုံးပေါ်၌ပင် ကျင်ကြီးကျင်ငယ်စွန့်သော်လည်း မငြူမစူ ပြုစုသုတ်သင်ပေးခြင်း စသည်ဖြင့် အနှစ်တစ်ရာတိုင်တိုင် ပခုံးထမ်း၍ ပြုစုလုပ်ကျွေးသော်လည်း ကျေးဇူးကျွေး မကျေနိုင်ဟုပင် ဟောတော်မှုလေသည်။

“ကျေးဇူကြွေး မကျေနိုင်” ဟုဆိုသည်မှာ ကျေးဖူးကြီးမားပုံကို ပြဆိုလိုခြင်းသာ ဖြစ်ပေသည်။ မိဘနှစ်ပါးအသက်ထင်ရှားရှိစဉ် ပြဆိုခဲ့သည့်အတိုင်း ရာသီအလိုက် ကျွေးမွေးပြုစုပေးခြင်း၊ အထူးသဖြင့် အမွေခံထိုက်အောင် နေခြင်း၊ မိဘနှစ်ပါး စိတ်ချမ်းသာအောင် သားသမီးတို့ လိုက်နာရမည့် ၀တ္တရားငါးပါးနှင့်အညီ လိမ်လိမ်မာမာ နေပြခြင်း၊ ကွယ်လွန်သွားကြသော အခါတွင်လည်း မိဘနှစ်ပါးကို ရည်စူး၍ အလှူဒါန ပြုလုပ်ပြီး အမျှတမ်းပေးဝေခြင်း ပြုပေးလျှင်ပင် ၀တ္တရားကျေသည်ဟု ဆိုသင့်၏။

ကျေးဇူးရှင် မိဘနှစ်ပါးတို့၏ ကျေးဇူးကြွေးကို ပေးဆပ်ရာ၌ အကောင်းဆုံးနည်းကို မြတ်စွာဘုရားဟော ကြားထားသည်မှာ တရားဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ တရားဖြင့် ကျေးဇူးဆပ်ခြင်းဆိုသည်မှာ-

(၁) ရတနာသုံးပါး မယုံကြည်သေးသော မိဘတို့အား ယုံကြည်လာအောင်၊ သရဏံဂုံမတည်သေးသော မိဘတို့အား သရဏဂုံတည်အောင် ဆောင်ရွက်ပေးခြင်း၊

(၂) အလှူဒါနအားနည်းသော မိဘတို့အား အလှူဒါန ပြုလုပ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊

(၃) စစ်မှန်သော ကိုယ်ကျင့်သီလ မရှိသေးသော မိဘတို့အား ကိုယ်ကျင့်သီလစောင့်ထိန်းလာအောင် ဆောင်ရွက်ပေးခြင်း၊

(၄) အသိပညာမရှိသေးသော မိဘတို့အား အသိပညာရှိအောင် ရတနာသုံးပါးနှင့် စပ်သော အသိပညာ၊ ၀ိပဿနာပညာ၊ သစ္စာမြင်သော ပညာများသည် အမြတ်ဆုံးဖြစ်၍ ထိုပညာများဖြစ်ပွားအောင် စာဖက်ပြခြင်း၊ တရားနာဖြစ်အောင်၊ တရားထိုင်ဖြစ်အောင် ဆောင်ရွက်ပေးခြင်းများသည် အကောင်းဆုံး သော ကျေးဇူးဆပ်ခြင်း ဖြစ်ပေသည်။

သားသမီးများ ကိုယ်တိုင်က သီလရှင်၊ ရှင်သာမဏေ၊ ရဟန်းပြု၍ တရားအားထုတ်ခြင်း၊ မိဘများအပေါ် မေတ္တာပွားများခြင်းများလည်း မိဘနှစ်ပါးအား သာသနာအမွေခံစေ၍ တရားဖြင့် အကောင်းဆုံး ကျေးဖူးဆပ်ခြင်း ဖြစ်ပေသည်။

အရှင်သာရိပုတ္တရာသည် မိစ္ဆာအယူရှိသော မိခင်အား၊ သမ္မာအယူရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြတ်စွာဘုရားသည်ပင် မယ်တော် တော်စပ်ဖူးသော သန္တုသိတနတ်သားအား အဘိဓမ္မာတားဟောကြား ခြင်းဖြင့် အကောင်းဆုံး မွေးကျေးဇူးပေးဆပ် တော်မှုသွားကြလေသည်။

ဤမျှ ကျေးဇူးကြီးမားလှသောကြောင့် မိဘလုပ်ကျွေး ကျေးဇူးဆပ်၍ ချမ်းသာကြီးပွားသော ဖြစ်ရပ်များကို များစွာ ဟောတော်မှုထားသည်။ မိဘတို့အား စိတ်ဆင်းရဲအောင်လုပ်၍၊ တမင်ပြစ်မှား၍ ယခုဘ၀မှာပင် ဆင်းရဲရသူများ၊ မြေမျိုခံရသူများ၊ နောက်ဘ၀တွင် ငရဲကျသူများလည်း များလှလေပြီ။ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသော်မှပင် နုစဉ်ဘ၀က မိုက်မဲသော မယားစကားနားထောင်မိ၍ မိဘနှစ်ပါးကို ရိုက်နှက်မိသောကံကြောင့် ခိုးသားရိုက်နှက်ခံရ၍ ပရိနိဗ္ဗာန် ပြုတော်မှုရရှာပေသည်။

မိဘတို့သည် မိမိတို့ ရင်သွေးများ စကားမပြောတတ်မီကပင် သင်ပြပေးခဲ့ကြရ၏။ သွားပုံ၊ လာပုံ၊ လမ်းလျှောက်ပုံ၊ ဦးတော်လုပ်ပုံ၊ အမေအဖေခေါ်ပုံမှအစ အရွယ်အလိုက် ပြောဆိုပြုမှုပုံများကို ဘာမျှ လိုလေသေးမရှိ၊ အကွက်စေ့အောင် သင်ပြပေးခဲ့ကြရသဖြင့် မိဘနှစ်ပါးကို “လက်ဦးဆရာ”ဟုပင် မြတ်စွာဘုရား ဟောတော်မှုထားသည်။

သားသမီးများ အိမ်ထောင်ကျသွားကြသော်လည်း အိမ်ခွဲရန်မလိုလား၊ မိဘရိုးရာ အလုပ်အကိုင်များကို လုပ်တတ်အောင်၊ အရင်းအနှီးစုဆောင်းမိအောင် မိမိတို့နှင့်အတူ ထားကာ သေသည့်နေ့အထိ သင်ပြပေးသွားကြလေသည်။

ကြက်သားပေါက်ကလေများကို မိခင်ကြက်မကြီးသည် မိမိတောင်ပံနှစ်ဘက်ဖြင့် ထွေးပိုက်ကာ အမြဲတမ်း မိခင်မေတ္တာများ မွမ်းထုံပေးသကဲ့သို့ ရှိပေသည်။ ကြက်မကြီးသည် မိမိကြက်သားငယ်များအာ ပျံတတ်၊ ပြေးတတ်၊ ရန်သူကို၊ ရှောင်တတ်၊ ယက်၍ အစာရှာတတ်အောင်လည်း သင်ပြပေး၏။ မိဘတို့မေတ္တာကား ကြီးမားလှပေ၏။

ဤ မျှတ၍ မြင့်မြတ်သော ဥပေက္ခာအရသာကို ခံစားလိုသဖြင့် မျက်စိမမှိတ်ခင် သားသမီးများကို အိမ်ထောင်လျာထား ချထားပေး သွားကြသည်လည်း ရှိပေသည်။ သားသမီးများအပေါ် သူစိမ်းတရံဆံတို့ ချစ်သည်၊ အကျိုးလိုလားပါ သည်ဆိုခြင်းမှာ မိဘများ မုန်းသလောက်သာ ရှိပေသေး၏။ သားသမီးတို့ အပေါ်၌ ထားရှိသော မိဘတို့ မေတ္တာကား သေခါမှသာ ရပ်စဲတော့၏။

ထို့ကြောင့် သတ္တာလောက၌ “မိခင်စိတ်” လောက် မြင့်မြတ်သော စိတ်မရှိပေ။ မြတ်စွာဘုရားကလည်း သတ္တ၀ါတိုင်း အပေါ် မေတ္တာထားရန် ညွှတ်ပြတော်မှုရာ၌ ထိုမိခင်စိတ်ကို ဥပမာပေးတော်မှုခဲ့သည်။သားသည် နွားမကြီးအား လှံဖြင့် ထိုးသတ်၍ မသေခြင်းမှာ နို့စို့နေသော နွားသားငယ် အပေါ်ထားသော ထိုသည့် မိခင်မတ္တောကြောင့်ပင် ဖြစ်ပေသည်။

မဟာပထ၀ီမြေကြီးသည် လည်းကောင်း၊ မဟာသမုဒ္ဒရာ၊ မြင်းမိုရ်တောင်နှင့် အဇဋာ ကောင်းကင်ကြီးသည် လည်းကောင်း မိဘမေတ္တာနှင့် နှိုင်းစာလျှင် သေးငယ်ကျဉ်း ကျုံး၍ သွားကုန်၏၊ မိဘမေတ္တာသည် အနန္တဖြစ်သောကြောင့်ပေတည်း။

- လောကတွင် မိဘကျေးဇူး အထူးသိတတ် ကျေးဇူးဆပ်ကြသူ ရှိကြကုန်၏။

- တချို့က ကျေးဇူးရှိကြောင်း သိရုံသ သိသည်။ တုံ့ပြန်မှုမပါ။

- တချို့က မိဘကျေးဇူးသိတတ်၍ ဆပ်ချင်သော်လည်း ကိုယ့်ဘ၀ကိုယ် ခိုင်မတ်အောင် မရပ်တည်နိုင်သဖြင့် မိဘကျေးဇူးဆပ်နိုင်ဖို့ ဝေးစွ၊ မိဘကို ပြန်မှီခိုစားနေရသည်။

- တချို့က မိဘကျေးဇူးသိသော်လည်း စိတ်နာစရာ အကြောင်းတွေကိုအမြဲတမ်း ခေါင်းထဲထည့်တွေးနေသဖြင့် မိဘကိုအပြစ်တင် အပြစ်မြင်ပြီး သံယောဇဉ် ကင်းကင်းနေကြသော သားသမီးများလည်း ရှိသည်။

- တချို့က မိဘရှိစဉ်က ကောင်းမွန်စွာ အနာခံစောင့်ရှောက်သော်လည်း မိဘ၏စည်းစိမ်ဥစ္စာ ယုတ်လျော့ ပျက်စီးသောအခါ ကိုယ့်အိမ်မှာ မထားချင်တော့ဘဲ ညီအစ်ကိုမောင်နှမများထံ ပုတ်ထုတ်ကြတာမျိုးလည်း ရှိ၏။

- တချို့သားသမီးက မိဘကို ၀တ္တရားအရ စောင့်ရှောက်သော်လည်း အော်ဟစ်မာန်မဲ ဆူပူပြစ်တင် နေတတ်ကြသဖြင့် မိဘက သားသမိးကို ကြောက်ကြောက် လန့်လန့် မှီခိုနေရတာမျိုး လည်းရှိသည်။

- တချို့က သူတို့၏ဆင်းရဲကြပ်တည်းမှုမှ သက်သာရာ ရစေရန်အတွက် မိဘနေသည့် အိမ်နှင့်ခြံကို မိဘသက်ရှိထင်ရှား ရှိတုန်းမှာပင် အတင်းအကြပ်ရောင်းချ အမွေခွဲဝေပြီး ကိုယ်လွတ်ရုန်းသွားကြ သည်။

- မိဘက ဘယ်သူနှင့် နေရမှန်းမသိ။ မလွဲသာ၍ ခေါ်ရသူမှာလည်း မိဘပိုက်ဆံလက်ထဲပါနေသော ကြောင့် ကြည်ဖြူဟန်ပြ၏။ သူတို့ ယူသုံး၍ ကုန်သောအခါ မိဘကို ဆူပူငြူစူတော့သည်။

- တချို့က ဇနီးခင်ပွန်းစကားနားယောင်ပြီး ပစ္စည်းဥစ္စာနှင့် ပတ်သက်၍ မိဘကို တရားစွဲတာမျိုးလည်း ရှိသေးသည်။

- ဤလိုမျိုး သားသမီးတွေရှိသော်လည်း မိဘကို ထိပ်မှာတင် ရင်မှာ သိမ်းထားပြီး သေသည့်တိုင် ပြုစု ကျွေးမွေး စောင့်ရှောက် သွားကြသည့် သားသမီးမျိုးတွေလည်း အများကြီး

- မိဘအတွက် ဘ၀ကိုစတေးပြီး ကျွေးမွေးပြုစုကြသော သးသမီးများလည်းရှိ၏။

- မိဘသာလျင် ငါ့ဘ၀မှာ ပထမ၊ ဒုတိယ၊ တတိယဟူ၍ ထိပ်တန်းဦးစားပေးအဆင့်ဖြင့် အနီးကပ်ပြုစုစောင့်ရှောက်ကြသော သားသမီးများလည်း ရှိသေးသည်။

- မိဘရှိစဉ်က မိရိပ်ဖရိပ်၏ တန်ဖိုးကို အစဉ်လေးစားတန်ဖိုးထားပြီး မိဘမရှိသော အခါမှာလည်း ထိုအရိပ်၏တန်ဖိုးကို အစဉ်အမြဲ ပြောဆိုတသသသ ရှိနေကြသူများလည်းရှိ၏။


- တချို့က မိဘကွယ်လွန်သွားသဖြင့် ကောင်းစွာကျေးဇူးမဆပ် လိုက်နိုင်သောကြောင့် မိဘကျေးဇူးကို နည်းအမျိုးမျိုးဖြင့် ကျေးဇူးဆပ်နေကြသူများလည်း ရှိသည်။

- မိဘ သေဆုံးကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မနေံတစ်နေ့ကလို အောက်မေ့ပြီး မိဘအတွက်ရည်စူးပြီး အလှူဒါနပြုကြ သူမျိုးလည်း ရှိသေးသည်။

- မိဘကို သက်ရှိထင်ရှားရှိစဉ်မှာ ကောင်းစွာ ချစ်ခင်မြတ်နှိုး တန်ဖိုးထားပြီး၊ မရှိတော့သည့်အခါ မိဘဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့ သတိရနေတတ်သော သားသမီးမျိုး ရှား၏။


- မိဘကျေးဖူးသိတတ်သော ထိုသားသမီးမျိုးသည် လောကတွင် တင့်တယ်၏။ ထင်ရှား၏။ ပြည့်စုံ၏။ အတိတ်ကံ ၀ဋ်ကြွေးကြောင့် ဆင်းရဲတွင်းနက်စေကာမှု ကယ်သူရှိတတ်၏။ ချီးမွမ်းပေးကမ်းသူ ရှိတတ်၏။ အကြောင်းကြောင်း ကြောင့် အဆင်ပြေတတ်၏။


- ထို့ကြောင့် မိဘကျေးဇူးကို သိတတ်၊ တန်ဖိုးထားတတ်ကြရာ၏။

- အမိနှင့် အဖတို့ကို စိတ်ဆင်းရဲအောင်မလုပ်ပါနှင့်။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးကြစမ်းပါ။

- အမိအဖတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်တဲ့ သားသမီးများ ဖြစ်ကြပါစေ။

- သားသည် အမိအဖတို့အတွက် အားဖြစ်ရမျာပါ။ ကျား မဖြစ်ကြပါစေနဲ့။

- သမီးသည် အမိအဖတိုပအတွက် ထီးဖြစ်ရမှာပါ။ မီး မဖြစ်ကြပါစေနဲ့။

- အမိအဖတို့အတွက် အားဖြစ်စေရအောင် ကြိုးစားနေတဲ့သားမျိုး၊ အမိအဖတို့အတွက် ထီးဖြစ်အောင် ကြိုးစားနေတဲ့ သမိးမျိုးက မိဘကျေးဇူးကို သိတတ်နေကြသူတွေပါပဲ။

- ယနေ့သည် မိဘကျေးဇူးကို ဆပ်ခွင့်ကြုံတဲ့ အခါသမယပါ။

- အခါသင့်အခွင့်ကြုံနေတဲ့ ယနေ့ကာလကို မနက်ဖြန်သို့ မရွှေ့ဆိုင်း လိုက်ပါနဲ့။

- မနက်ဖြန်ဆိုတာက အစိုးမရနိုင်ပါဘူး။

- စိုးပိုင်ခွင့်ရနေတဲ့ ယနေ့ကာလမှာပဲ မိဘကျေးဇူးကို ဆပ်လိုက်ကြစမ်းပါ။

- မိဘကျေးဇူးကို လောကနည်း၊ ဓမ္မနည်းနဲ့ ပေးဆပ်နိုင်ပါတယ်။

- အမိအဖတို့ရဲ့ လိုအင်ဟူသမျှကို ဖြည့်ဆည်းပေးနိုင်ရမယ်။ ပေးနေရမယ်။

- လိုအင်ပြည့်တော့ အမိအဖတို့ စိတ်ချမ်းသာတာပေါ့။

- အမိအဖတို့ကို စိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်နည်းကို လောကနည်းလို့ ခေါ်ပါတယ်။

- သဒ္ဓါစိတ်နည်းပါးတဲ့ အမိအဖကို သဒ္ဓါတရားထက်သန်လာအောင် ကိုယ်ကျင့်တရား ယိုင်နဲ့နေတဲ့ အမိအဖကို ကိုယ်ကျင့်တရားဖြောင့်မတ်လာအောင်၊ စာရိတ္တညစ်ညူးနေတဲ့ အမိအဖကို စာရိတ္တဖြူစင်လာအောင် မင်္ဂဖိုလ်ရကြောင်း တရားကောင်းနဲ့ မတွေ့ရဘူးသေးတဲ့ အမိအဖကို မင်္ဂလမ်း ဖိုလ်လမ်း လမ်းမှန်ပေါ်သို့ရောက်ရှိသွားရအောင် ဖြည့်ဆည်းပေးနေတာက ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။

- လောကနည်းနဲ့ဖြစ်စေ၊ ဓမ္မနည်းနဲ့ဖြစ်စေ ကျေးဇူးဆပ်နေဖို့က အဓိကပါပဲရှင်။

လူတို့တွင် အခက်(၃)မျိုးရှိ၏။ သူ့ကျေးဇူးကို သိဖို့ခက်သည်။ သိပါသော်လည်း ထုတ်ဖော်ပြောဖို့ ခက်သည်။ ထုတ်ဖော်ပြောသော်လည်း ဆပ်ဖို့ခက်သည်။ သူ့ကျေးဇူးကို သိရမည်။ ထုတ်ဖော်၍လည်း ပြောရမည်။ ဆပ်လည်း ဆပ်ရမည်။

ကျေးဇူးတကာတို့တွင် မိဘကျေးဇူးသည် အကြီးမားဆုံးဖြစ်၏။ မြင်းမိုရ်တောင်ဦး မကကျူးသည်။ အမေက သန္ဓေသားကို ၀မ်းတွင် လွယ်ထား၍ တရွေ့ရွေ့ ကြီးထွားစေ၏။ နေ့ လ စေ့သော် ပင်ပန်းဆင်းရဲစွာ ဝေဒနာခံစား၍ မွေးဖွားစေ၏။ အမေ၏ မွေးကျွေးကျေးဇူးရှိသည်။ အဖေက သန္ဓေသား လွယ်ထားသည့် မိခင်နှင့် တကွ မိသားဟုကို စားဝတ်နေရေး ပြည့်စုံစေရန် ကျွေးမွေးရသည်။ အစစအရာရာ ကာကွယ်စောင့်ရှောက် ရသည်။ အဖေ၏ ကျွေးကျေးဇူးရှိသည်။

မွေးပြီးသည်နှင့် အမေက ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်သော နို့ဦးရည်ကို တိုက်ကျွေး၏။ သားသမီးများ အမေ့နို့အာဟာရဖြင့် ကြီးထွားရ၏။ အဖေက သားသမီးတို့ကို လူလားမြောက်အောင် လုပ်ကိုင် ကျွေးရသည်။ ပညာသင်ပေးရသည်။ အမေ့နို့ဖိုးရှိသလို အဖေ့ချွေးဖိုးရှိသည်။

မိနှင့်ဖသည် သားသမီးတို့ကို အလွန်ကြီးမားသော မေတ္တာ၊ စေတနာ၊ ကရုဏာထားကြသည်။ ထို့ကြောင့် အနစ်နာခံနိုင်သည်။ အပင်ပန်းခံနိုင်သည်။ ကိုယ်ကျိုးကိုယ့်အသက်ကိုပင် စွန့်လွှတ်နိုင်ကြသည်။

သားသမီးတိုင်း မိဘတို့၏ ကျေးဇူးတရားများဖြင့် လူလား မြောက်ကြရ၏။ လူတစ်လုံး သူတစ်လုံးဖြစ်ကြရ၏။ မိဘတို့၏ ဆင်းရဲ၊ ချမ်းသာကွာခြားမှုကြောင့် သားသမီးအပေါ် ချီးမြှင့်ထောက်ပံ့မှု ကွာခြားနိုင်သော်လည်း ကြီးမားသော မေတ္တာတရားမှာ ခြားနားမည်မဟုတ်ပါ။ လူ့မျိုးနွယ်ဆက်တို့ အစဉ်သဖြင့် တစည်ပင်ပြန့်ပွား တိုးတက်ထွန်းကား နေသည်မှာ မိဘတို့၏ ကြီးမားသော မေတ္တာတရားဖြစ်သည်။


မိဘမေတ္တာနှင့် မိဘတို့၏ ကျေးဇူးတရားမှာ ကြီးမားလှပေစွ။ သားသမီးတို့ လောကအလုပ်မှာ တိုးတက်ကြီးပွား၍ တင့်တင့်တယ်တယ် အောင်မြင်ကြသောအခါ ကျေးဇူးကြီးလှ မိနှင့်ဖ တို့ကို မေ့မေ့လျော့လျော့ ပစ်ပစ်ပယ်ပယ်မပြုသင့်၊ ကျေးဇူးကို မမေ့သင့်ကြပါ။

မိဘကျေးဇူးနှင့် လူတစ်လုံး သူတစ်လုံးဖြစ်ခါမှမိဘကို ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားလျှင် ကျေးဇူးကန်းသူဖြစ်၏။ အပြစ်ကြီးပေစွ။ မြင်ရကြားရသည်ပင် အကျဉ်းတန် အရုပ်ဆိုးလေစွ။ မေတ္တာကြီးမားသော မိဘတို့က ခွင့်လွှတ်ကြသော်လည်း မှားသည့် အပြစ်က ကြေပျက်မည်မဟုတ်။

ကျေးဇူးရှင် မိဘတို့ကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် မပြစ်မှားမိအောင်၊ ကျေးဇူမးကန်းမိအောင် သတိထားသင့်ကြသည်။ မိဘတို့၏ ကျေးဇူးကို မမေ့မလျော့ ရှိရမည်။ ကျေးဇူးကြွေးကို တုံ့ပြန်ဆပ်ကြ ရမည်။

လောကအလယ်မှာ မိမိတို့ကလည်း အိမ်ထောင်ကျ မိသားစုဘ၀ သားသမီးရ၍ မိဘမေတ္တာဖြင့် သားသမီးများကို စုန်နေကြရသောအခါ ကျေးဇူးကြီးမားသော ကိုယ့်မိဘထံဆန်ရန် မေ့လျော့နေတတ်သည်။ ဤနည်းအားဖြင့် သက်ကြီးရွယ်အို မိဘများစွာတို့သည် သားသမီးတို့၏ မေ့လျော့ပစ်ပယ်ခံဘ၀မျာ ဆင်းရဲဒုက္ခရောက် နေကြသည်တို့ များစွာရှိကြသည်။

စုန်လည်း စုန်ရပါမည်။ ဆန်လည်း ဆန်ရပါမည်။ သားသမီးတို့ကို မေတ္တာဖြင့် ကျွေးမွေးစောင့်ရှောက်ရင်း မိဘတို့၏ ကျေးဇူးကိုလည်း ဆပ်နေကြရပါမည်။ ဘယ်သားသမီး ဘယ်ညီအစ်ကို မောင်နှမနှင့်မှ တွက်ကပ်နေရန် အကြောင်းမရှိပါ။ ကိုယ်ဆပ်ရမည်မှာ ကိုယ့်တာဝန်ဖြစ်ပါသည်။ ကိုယ်ကျေးဇူးသိလျှင် ကိုယ်ကောင်းကျိုး ရမည်။

မိဘကျေးဇူးကိုဆပ်ရာတွင် အ၀တ်ပေးခြင်း၊ အစာကျွေးခြင်း၊ နေစရာပေးခြင်း၊ မကျန်းမာလျှင် ကုသပေးခြင်း လိုအပ်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းမှာ လောကီနည်းဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်၏။

မိဘကို သံသရာအတွက် ကောင်းမှုပါစေရန် သဒ္ဓါတရားနည်းလျှင် သဒ္ဓါအားကောင်းရန် တိုက်တွန်းပြောဆိုခြင်း၊ တရားဘာဝနာ ပွားများအားထုတ်ရန် ဆန္ဒဖြစ်စေခြင်း၊ သဒ္ဓါရှိလျှင် လှူနိုင်အောင် ကူညီထောက်ပံ့ခြင်း၊ သီတင်းသီလ ဆောက်တည်နိုင်ရန် တရား ဘာဝနာပွားများ အားထုတ်နိုင်ရန် စီစဉ်ပံ့ပိုး ပေးခြင်းသည် လောကုတ္တရာနည်းဖြင့် ကျေးဇူးဆပ်ခြင်း ဖြစ်၏။

သားသမီးတိုင်း ကျေးဇူးကြီးလှ မိနှင့်ဖကို လောကီနည်း၊ လောကုတ္တရာနည်းတို့ဖြင့် ကျေးဇူးဆပ်နိုင်ကြပါစေ။ မိဘကျေးဇူးကို သိလည်းသိ၊ ထုတ်ဖော်လည်းပြော၊ ဆပ်လည်းဆပ်ခြင်းဖြင့် ကောင်းကျိုးမင်္ဂလာနှင့် တင့်တယ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါရစေရှင်။

မြန်မာသူငယ်ချင်းများနေ့ တောသူမလေး http://friendsdaygroup.ning.com/profile/tawthumalay မှ ကူးယူပြီး ဓမ္မဒါန ပြုပါသည်။

Thursday 18 March 2010

ပါရမီဖြည့်ဖက်လေးလို အတွေးပိုလိုက်ပါ


လောကမှာ ကိုယ့်ကို ချစ်တဲ့သူတွေရော မချစ်တဲ့သူတွေရော ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးရှိတယ် ကိုယ်ချစ်တဲ့သူတွေ ခင်တဲ့သူတွေ ကတော့ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းကို ပြောဆို ဆုံးမ ပေမဲ့ မချစ်တဲ့သူတွေ မနာလိုသူတွေကတော့ မကောင်းပြောမယ် ကျဆုံးအောင်လုပ်မယ် ကြံစည်ကြမယ်လေ.......
မချစ်တတ်သူတို့ရဲ့ သဘာဝအတိုင်း ပြောကမယ်လေ..ပြောလာပြီဆိုရင်တော့.
အော်
သူတို့ဟာ ငါ့ရဲ့မုန်းသူတွေလည်းမဟုတ်ပါဘူး ရန်သူတွေလည်းမဟုတ်ပါဘူးလေ
ငါ့ရဲ့ ခန္တီ ပါရမီ ဖြည့်ဖက်တွေပါလားလို့ တွေးလိုက်မိမယ်ဆိုရင် အပိုမတွေးဘဲနဲ့ သူအတွက် အတွေးပိုလိုက်မယ်ဆိုရင်.............
ယောနိသောမနသိကာရ (fair think) မျှတတဲ့တွေးလေးဖြစ်ပြီပေါ့
ဒါပေမဲ့ မှန်တာကို လုပ်နေပါလျှက် အပြောခံလာရပြီဆိုရင်
လုပ်တဲ့သူက အများအတွက်လုပ်နေတယ်ဆိုရင်
လုပ်တဲ့သူက ဆက်မလုပ်တော့ဘူးဆိုရင်
လုပ်နေသူအတွက် ရပ်တန်းက ရပ်လိုက်ပေမဲ့ ကုသိုလ်မရရုံကလွဲရင် ဘာမှအထိခိုက်ပေမဲ့
ပြောသူအတွက် အတော်လေးထိခိုက်တတ်ပါတယ်
ဒါကတော့ မကောင်းပြောသူအတွက်
ဒုက္ခရောက်မှာစိုးလို့ပါ.........
သားသမီးအတွက် မိဘမျက်ရည်ကျရင်
သားသမီးဒုက္ခရောက်မှာစိုးလို့ မိဘတေတွေက
ကျလုဆဲဆဲ မျက်ရည်ကို ထိမ်းထားကြတယ်လေ...
အများအကြိုးဆောင်သူတွေလည်း...
မကောင်းပြောလာသူတွေကို
သားသမီးလိုသဘောထားပြီး.....
အော်....သူပြောလိုက်လို့ ငါအများအကျိုးကို ဆက်မလုပ်တော့ဘူးဆိုရင်
သူဘဲဒုက္ခေ၇ာက်သွားတော့မှာပါလား......လို့ မိဘနေရာကနေ
ယောနိသောမနသိကာရထားပြီး သူအတွက် အတွေးပိုပေးလိုပါ.....
ယောနိသောမနသိကာရလေးကို အပိုတွေးပြီး.....
အများအကျိုးအတွက်
တာဝန်တွေဆက်ထမ်းကြိုးပမ်းနိုင်စေရန်........
နှလုံးသားအဟာရလေး တိုက်ကြွေးလိုက်ပါတယ်...
ဘယ်လောက်ပဲတွေးနေ ရေးနေပေမဲ့
ရှေးပညာရှိဆရာတော်တွေ ရေးတဲ့ စာတွေလောက်တော့ မထိရောက်ပါဘူး.....
ဆရာတော် တော်များ၏ သြ၀ါဒ
“အများအကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင့်လော့” ...တဲ့
အများအကျိုးဆောင်သူများ
ဒီစာလေးဖတ်ပြီး ကျမ်းမာ ချမ်းသာ စွာဖြင့်
တာဝန်တွေဆက်ထမ်း နိုင်ပါစေလို့.......ဆုတောင်းလိုက်ပါတယ်.....