အမေလွမ်းချင်း
မေတ္တာ ကရုဏာ မုဒိတာနှင့်
ဥပေက္ခာတရားလက်ကိုင်ထားလို့
ညီမျှချင်းတွေကို ဘောင်သွင်း
ညီညွတ်ခြင်းတွေကို ဖြစ်စေခဲ့သူဟာ
အမေပါလားလို့ သိလာချိန်မှာ......
ဝေးကွာခြင်းတွေကို မိတ်ဆွေဖွဲ့
အလွမ်းတွေကို သူငယ်ချင်းလုပ်
အမေဆိုတဲ့ သရုပ်ကို ဋီကာချဲ့ပေမဲ့
ပီသ ညီမျှတဲ့ အဖြေကို မရနိုင်တော့ဘူးအမေ...။
ဒီလမ်းကိုဒီလိုသွား
ဒီဖိနပ်ကိုဒီလိုစီး
ဒီထီးကို ဒီလိုဆောင်း
ဒီလူကို ဒီလိုပေါင်းလို့
ဒီလူဆိုးကို ဒီလိုရှောင်
ကျမ်းအစောင်စောင်ထောက်လို့
လမ်းအမှောင်ကိုမရောက်အောင်
ဆုံးမစကား သူပြောသွားခဲ့
သားငယ်ခုတိုင် မှားမယိုင်အောင်
အများအလယ်မှာ သွားနိုင်ဆဲပါအမေ.....။
မိုးရင်သွေး
26-9-2009
2:5 -AM
No comments:
Post a Comment