မနေ့က ရေးခဲ့တဲ့ ပို့စ်ကို ဖတ်ပြီးရင်တော့ ဒီနေ့ ပြောတာကို လုပ်နည်းတောင် ကြည့်နေစရာမလိုပါဘူး။ Value လေးကို ကူးလိုက်ရုံပဲ ဖြစ်မှာပါ။ ဒီက စဖတ်တဲ့လူအတွက် ရည်ရွယ်ပြီးပြောပါ့မယ်။
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ Directory အတိုင်း Shell ကို ရှာပါတယ်။
HKEY_CLASSES_ROOT\Directory\Background\shell
Shell ကို Right-click လုပ်ပြီး New - Key ကို နှိပ်ပါတယ်။
နာမည်ကို မိမိကြိုက်သလိုပေးလို့ရပါတယ်။ Control panel ကို မြန်မာလိုပေးချင်လည်း ပေးလို့ရပါတယ်။ ဒါပေမယ့် ဇော်ဂျီဖောင့်တွေ ပြောင်းပေးပြီးသားဖြစ်မှ ပေါ်မှာပါ။ ဖောင့်ပြောင်းပေးလို့ရတာ ၈ နေရာ ရှိပါတယ်။ သိပြီးသားနေမှာပါ။ မသိသေးတဲ့ လူတွေအတွက် ဒီမှာကျနော် ပုံတွေနဲ့တကွ ရေးထားပါတယ်။
ကျနော်ကတော့ “ ပြင်ဆင်ဖို့ ” ဆိုပြီး ပေးလိုက်ပါတယ်။
သူ့ကို Right click ထပ်လုပ်ပြီး New - Key ကို နှိပ်ပါတယ်။ command လို့ နာမည်ပေးပါ။
command ကို click လုပ်လိုက်တာနဲ့ သူ့ရဲ့ညာဘက်မှာ Default ဆိုတဲ့ သူ့ရဲ့ item လေးကို တွေ့မှာပါ။ အဲဒါကို Double-click နှိပ်ပြီး Value အတွက် အောက်က စာသားတွေ ကူးထည့်လိုက်ပါ။
rundll32.exe shell32.dll,Control_RunDLL
ပြီးတာနဲ့ Desktop မှာ Right-click လုပ်ပြီး သုံးကြည့်လိုက်ပါ။ အဆင်ပြေမှာပါဗျာ ....
်သံလုံငယ် မှ ကူးယူသည်
No comments:
Post a Comment