Sunday 2 August 2009

စည်းလုံးခြင်းရဲ့အင်အား

ဒို့တွေနေတဲ့ကျောင်းကလေးက ဘန်ကောက်မြို့အစွန်က လူနေမထူထပ်. ကားတွေမရှုပ်.တိုက်မြင့်မြင့်ကြီးတွေ လည်းမရှိတဲ့ ရွှေမြန်မာတို့ပျော်စံရာ ၀ပ်တလုမ်း ကျောင်းတော်လေးပါ။ မြောက်ဘက်မှာ ငါးလေးတွေ လွတ်လပ်စွာလှုပ်ရှားသွားလာကူးခတ်နေတဲ့ တသွင်သွင်စီးဆင်းနေတဲ့ ကြည်နူးဘွယ်ရာ ချောင်းလေးရယ်. နေ့စဉ်နဲ့အမျှ လူသားတွေကို ကောင်းကြိုးတွေ သယ်ဆောင်ပေးတဲ့ နေမင်းကြီး ထွက်တဲ့ အရှေ့ဘက်မှာ ဆွဲလဲသံလေးတွေလို သာယာနာပျော်ဘွယ်ကောင်းအောင် အဆင်တန်ဆာပေးတဲ့ မူလတန်း ကျောင်းကလေးရယ်.
တောင်ဘက်မှာတော့ မြန်မာတွေအတွက် ထာဝရ ကြိုဆိုလျက်ပါလို့ ဆိုင်းဘုတ် တတ်မထားပေမဲ့ အမြဲထာဝစဉ် ကြိုဆိုနေတဲ့ ဆိုင်းဘုတ် ကလေးရယ်. အော် နောက်ဘက် နေညိုညို ဂေါ၇ာ ကျွန်းဆီမှာတော့ ထိုင်းနိုင်ငံကို အစဉ်ထာဝရ လှပစေရမယ်ဆိုတဲ့ ဦးတည်ချက်ကို ဦးထိပ်ထား ဒုက္ခ တွေကို ရင်မှာပိုက်ပြီး သာသနာ့ဝန် မိသားစုဝန်တွေကို ထမ်းဆောင်ရင်း မပြီးသေးတဲ့တံတားဖြူဖြူကြီးကို ဆောက်လုပ်နေတဲ့ ဒို့မြန်မာ ရွှေ့ပြောင်း လုပ်သမားတွေရယ် အော် ကျောင်းကြီးရဲ့ အလယ်မှာတော့ ဘုံတွေပြဿာဒ် တွေနဲ့ ထည်ထည်ဝါ၀ါဆောက်ထား ထဲ့ ကျောင်းတော်ကြီးရယ် ကျောင်ထဲမှာတော့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ လူတွေခေါ်တဲ့ စုစားပြားအိပ် ဘုန်းဘုန်းတွေလည်း ငါးထပ်ကျောင်းဆောင်ကြီးမပြီးသေးလို့ စုဘုဉ်း ပြားကျိန်းနေကြတဲ့ စာသင်သား သံဃာတော်တွေရယ်. ဒိုင်းနီး ၇ွန်း ထဲမှာတော့ စက်ရုံအသီးသီးက လာပို့ထားတဲ့ မြန်မာပြည်အလွမ်းပြေငရုပ်သီးကြော်၊ငါးပိုကြော်တွေရယ် ကြက်သွန်ဖြူ နန်းချင်းနဲ့ သရက်သီး ဂန်းတွေရယ် (ရေးရင်းတောင်ဆာသလိုလိုဘဲ) အင်း ဆရာတော် တစ်ပါး ရယ်စရာ အမိန့်ရှိသလိုပေါ့ လှူဒါန်းတဲ့ ဒကါတွေ ဒကါမတွေ ကျန်းမာ ချမ်းသာကြပါစေ။ မလှူတဲ့ ဒကါမတွေ တော့ ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်။ only fun.ရယ်စရာလေး တွေပြောတာပါ ။ ထိုင်းနိုင်ငံမှာနေတဲ့ ဒကါတွေ ဒကါမတွေ ကတော့ အနာထပိန်တို့ ၀ိသာခါတို့တောင် လက်မြောက်အရှုံးပေးရအောင်လှူကြတာပါ. သာဓု သာဓု သာဓု. မြန်မာေ၇ွှ့ပြောင်းအလုပ်သ မားတွေ ကျန်းမာချမ်းသာကြပါစေ. အားလုံးပြောတာနော် ..
အင်း ခေါင်းစဉ် က စည်းလုံးခြင်းရဲ့အင်အား ရောက်သွားတာက စားခန်းသောက်ခန်း
ပြောခြင်တာလေး အရင်ပြောတာပါ ဦးဓမ္မ. ဦးတေဇ တို့ခေါင်းဆောင်ပြီး ၀ပ်တလုမ်းကျောင်းကို MCU ဖယ်ရီလာ ကြိုဖို့ မြန်မာရဟန်းတော် များနဲ့ ဘင်္ဂလားရဟန်းတော်များ အပါး ၄၃ ပါး စုပေါင်းလက်မှတ်ထိုးပြီး ပါချုပ်ဆီကို စာတင် လိုက်တာ သံဃာအားဘုရားမလွန်သာ ဆိုသလို ပါချုပ်လည်း အကြိုအပို့အတွက် စလုပ်ပေးတာ ၀မ်းသာစရာ ကောင်းလိုက်တာ နော်. အခုဆိုရင် တက္ကသိုလ်ကနေ ကျောင်း ကျောင်းကနေတက္ကသိုလ် အဆင်ပြေပြေ ပျော်ရွှင်စွာနဲ့ ညီညီညွတ်ညွတ် သွားနိုင် ပြန်နိုင်ပါပြီ။
အခုတစ်ခါလည်း ဗီဇာကိစ္စ ပေါ်လာပြန်တော့ လည်း သူတို့တွေ (ဘင်္ဂလားရဟန်းတော်)တွေ လာပြီးပြောနေပြန်ပါပြီ အတူတူ လုပ်ကြရအောင်တဲ့ ညီညွတ်ခြင်းရဲ့ အသီးအပွင့်တွေရဲ့ အရသာတွေကို ခံစားပြီးသူတိုင်း သူရဲ့ချိုမြိန်မှုတွေကို သိလေလေ စားချင်လေလေ ဘဲနော် ဒါတွေဟာရိုးသားတဲ့ ဆင်းပဲလေးတွေ ဆိုပေမဲ့ အတူတူလုပ်ဆောင် တဲ့အခါ သူသာတယ် ငါသာတယ် မတွက်ဖို့သိပ် အရေးကြီးတယ် သူဆရာလုပ်တယ် ထင် သူအခွင့်အရေးယူတယ်ထင်ရင် ညီညွတ်ခြင်းတွေလျှော့ စည်းလုံးခြင်းတွေ ပြော ပြီး အလွယ်တကူပြိုကွဲသွားမယ်............ သွေးချင်းညီအကို များစည်းလုံးချင်းသည် အင်အား ဆိုသလိုဘဲ အင်အားတွေတိုးပွားအောင် ဆက်ပြီးစည်းလုံးကြပါစို့ ညီနောင်သွေးချင်းများတို့
ရွှေကံမ

No comments:

Post a Comment