Wednesday 5 August 2009

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်


အဖွဲ့ အနေနဲ့ ရှာဖွေစုဆောင်းထားတဲ့ ဘဏ္ဍာငွေ မျိုးစေ့ လေးကနေ စာလာ (မြန်မာ ဓမ္မာရုံလေး)ပေါ်ပေါက်အောင်
မျိုးစေ့လေးကို လှော်လည်းမစားခြင်တော့ပါဘူး ပြုတ်လည်းမစားတော့ပါဘူး တအားခက်ခဲနေရင်တော့ တစ်မျိုးတစ်ဖုံပေါ့ ဒါမျိုးကို တော့ ခြွင်းချက်အနေနဲ့ ကူညီမှာပါ တင်ပြစရာရှိတာ တင်ပြပါ တင်ပြရတာက ကိုယ့်အခွင့် အရေးပါ သာမညဆိုရင်တော့ သာမညလောက်ပဲဆောင်ရွက်ပေးပါလိမ့်မယ် vip ဆိုရင်တော့ အထူးဆောင်ရွက် ပေးပါလိမ့်မယ် အင်း ဒါထားလိုက်ပါတော့ မဆောက်ရသေးတဲ့ မြန်မာ ဓမ္မာရုံလေးဆီကို သွားရအောင်ဗျာ.......
တပည့်တော်တော့ မရောက်ဘူးသေးပါဘူး ဥက္ကဌ ဆရာတော်ပြောတာနဲ့တင်ဘဲ စိတ်ကူးထဲမှာ မြင်လိုက်ပါတယ် တစ်လံလောက်ကို ဘတ် ၁၅၀၀၀ တဲ့ တစ်ကွက်လောက်ဆိုရင် တော့ ဘယ်လောက်ပေးမလဲမသိဘူး ဒါပေမဲ့ ၀ိသာခါရှုံးပြီး သန်းနဲ့ချီ အောင်များတဲ့ တို့မြန်မာနိုင်ငံသား အလုပ်သမား တွေအားနဲ့ဆိုရင် မဖြစ်သေးတာဘဲရှိမှာ ပါ မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူးဗျာ
ကဲ ပြိုင်တူတွန်းလိုက်ရင် ရွေ့နိုင်ပါတယ် အဖွဲ့ဝင်တွေ တွန်းနေကြတာပါဘဲ ပြိုင်တူ တွန်းဖို့သာ အရေးကြီးတာပါ ပြိုင်တူတွန်းကြပါ အတူတူတွန်းကြပါ တစ်ပါးနဲ့တစ်ပါး ပြိုင်ပြီးတော့ မတွန်းကြပါနဲ့နော် ပြိုင်တွန်း နေရင် တပည့်တော်တို့ အင်တွေ အားတွေ ချွေးတွေ အချိန်တွေ နှလုံးသားတွေနဲ့ ပေးဆပ်ထားတဲ့ MSMO ကျောင်းသာ အဖွဲ့ လေး ယိုင်သွား မယ် တပည့်တော်တို့ရဲ့ အိပ်မက် ကလေးတွေ မိုးမလင်းခင် လန့်နိုးသွားမယ် တပည့်တော်တို့ရဲ့ MSMO လေးကို အိပ်မက် ရှည်ရှည်မက်ခွင့်ရအောင် တပည့်တော်တို့မှာရှိတဲ့ မျိုးစေ့လေးကို ၀ိုင်းဝန်းပြီးတော့ ရေလောင်းသင့်ရင် လောင်းပေးကြပါ ပေါင်းသင်သင့်ရင်ပေါင်းသင်ပေးကြပါ မြေသြဇာတွေ လိုနေရင် မြေသြဇာတွေထည့်ပေးကြပါ လောင်းရိပ်အောက်ရောက်နေရင်လည်း နေခြည်လေးနဲ့ထိတွေ့ ခွင့်ပေးကြပါ ပိုးကောင်လေးတွေကိုက်နေရင်လည်း လက်ပိုက်ကြည့်မနေဘဲ ၀ိုင်းဝန်းပြီးတော့ ဖယ်ရှားပေးကြပါ ကို ယ့်တာဝန် ငယ်တယ် ကြီးတယ်ဆိုတာ ပဓာနမကြလှပါဘူး ကျရာတာဝန်ထမ်းပါမှ အသီးအပွင့်တွေဝေဆာနေတဲ့ MSMO ဆိုတဲ့ ကျောင်းသား သစ်ပင်လေး ရောက်လာသူတွေကို ဘေးမသီ ရန်မခ အေးမြတဲ့အရိပ်တွေ ပေး ချိုမြိန်တဲ့ အသီးတွေကြွေး လှပတဲ့ပန်းလေးတွေနဲ့ မွှေးနေအောင် ပြိုင်တူတွန်းလိုက်ကြပါစို့ နောင်တော် ညီတော် အပေါင်းတို့
ရွှေကံမ (မြေလတ်)

No comments:

Post a Comment