Friday 21 August 2009

ဟာသ

တိုက်ဆိုင်လိုက်ပုံများ
>
> မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
> ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
> မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ -
> မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
> ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး ?
> ဆရာမ မေး သည် ကို မနီ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
> မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရိုက်စ်"
> ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ????
> ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက် သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ -
>
> မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
>

>တတိယဆုတောင်း.
တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ အရာရာကိုဖန်ဆင်းနိုင်တဲ့ ဖန်ဆင်းရှင်နဲ့
တွေ့ဆုံခဲ့တယ်
ဖန်ဆင်းရှင်က "မင်းက ကံထူးတဲ့ သူမို့လို့ ငါနဲ့တွေ့ဆုံခဲ့ပြီ။ အဲ့ဒီတော့
မင်းကိုငါက ဆုသုံးခု
တောင်းခွင့် ပေးမယ်။ မင်းလိုရာကိုဆုတောင်းတော့။"
အဲ့ဒီတော့ လူငယ်လေးက မဆိုင်းမတွဘဲ ပထမဆုကို တောင်းလိုက်တယ်။
"ကျွန်တော့်ကို ချစ်သူရဲ့ အနီးဆုံး နေရာမှာနေခွင့်ပေးပါ"
ဖန်ဆင်းရှင်က"ကောင်းပြီ ဒုတိယ ဆုတောင်းကိုပြော"
ဒီတစ်ခါ လူငယ်ပြောလိုက်တာက"ကျွန်တော့ကို
ချစ်သူရဲ့ အဝေးဆုံးမှာ နေခွင့်ပေးပါ။"
ဖန်ဆင်းရှင်က မျက်မှောင်ကျူတ်သွားပြီး မေးလိုက်တယ်။
"မောင်မင်းက ချစ်သူနဲ့ နီးလိုက်ဝေးလိုက်နဲ့ ဆိုတော့ ငါက ဘာကိုဖြည့်ဆီးပေးရမှာလဲ"
အဲ့ဒီတော့ လူငယ်လေးက ပြန်ပြောတယ်။
"ဒီလိုပါ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို အလိုရှိတဲ့အခါ သူ့ရဲ့
အနီးဆုံးမှာ ခစားပြီးတော့
သူ့ကို ကူညီအားပေးချင်ပါတယ်၊အဲ့ဒါကြောင့် အနီးဆုံးမှာ နေချင်တယ်လို့ ဆုတောင်းတာပါ။
သူကျွန်တော့်ကို မမြင်ချင်တဲ့ အခါကျရင်လည်း သူမမြင်အောင်လို့ အဝေးဆုံးမှာ
နေချင်တာပါ၊ "
အဲ့ဒီတော့ ဖန်ဆင်းရှင်က "ကောင်းပြီ ။မောင်မင်း သင့်ရဲ့တတိယဆုတောင်းကို
တောင်းပေတော့။"
လူငယ်က ခဏ စဉ်းစားလိုက်ပြီး "ကျွန်တော့အတွက် ချစ်သူက လိုအပ်တဲ့အချိန်
အနီးအနားမှာရှိနေပြီး
သူမကျွန်တော့်ကို မမြင်ချင်တဲ့အချိန် အဝေးဆုံးမှာ ရှိနေမယ်ဆိုရင် တတိယဆုတောင်းဆိုတာ
ဘယ်တော့မှ မလိုအပ်တော့ပါဘူး" တဲ့၊

(ကျနော်လဲဖန်ဆင်းရှင်တစ်ယောက်နဲ့တွေ့ချင်လိုက်တာ..)



မိန်းမများနှင့်တူသော အားကစား
>
> 15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
> 20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
> 25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
> 30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်
>
>

>
>
> အဖတ်မှားကြပုံများ
> ကျား။ ။ မိန်းမ မင်းခုဘာလုပ်နေလဲ?
> မ ။ ။ စာဖတ်နေတယ်လေ...
> ကျား ။ ။ ဘာစာလဲ
> မ ။ ။ ဘာလုပ်မလို့လဲ...တရားစာပေါ့...ရှင်ကဖတ်ချင်လို့လား
> ကျား ။ ။ ဟင့်အင်း...ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်...
> မ ။ ။ ဒါများဖတ်ပေါ့...
> ကျား ။ ။ လာလေ...ဖက်မယ်...
> မ ။ ။ ရော့ ဖတ်လေ....ကျုပ်တော့ သားနဲ့သွားအိပ်တော့မယ်...
>
> တတိယ
> ကျား ။ ။ မင်းငါ့တတိယ မယားနဲ့တူတယ်
> မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ
> ကျား ။ ။ ၂ ခါ
>
> အားသလား
> ကျား ။ ။ ဒီထိုင်ခုံ အားနေသလား။
> မ ။ ။ အားပါတယ်။ ရှင် ထိုင်ချရင် နောက် ထိုင်ခုံ တစ်ခုလည်း အားသွားပါလိမ့်မယ်။
>
> လက်ဆောင်
> ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
> မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။
>
> သွားမလား
> ကျား ။ ။ မင်းနေရာ သွားမလား၊ ကျူပ်နေရာ သွားမလား။
> မ ။ ။ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။
>
> မင်းတို့သိရဲ့လား
> နွားသိုးခြံတစ်ခုမှာ ပေါ့
> နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က
> ခွဲတန်နဲ့နွားမတွေကိုပိုင်ကြတယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်ူ
> အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့
> တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွားသိုတစ်ကောင်ထပ်ဝယ်တော့
> နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
> သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
> ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး"
> ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
> ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ်
> ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ်
> နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀
> ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ အလတ်ကောင်ကလည်း အေငါလလည်း ၁၀
> ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
> အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါနဲ့
> အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
> ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
> ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"
>
> တရားမျှတလိုက်ပုံက
>
> တစ်ခါက ဆိတ်တစ်ကောင် က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
> ပစ်လို့ မောင်အေးက ရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် မောင်ခွေး က
> တင်းပြီး ထင်းတုံး နဲ့ ပေါက်လိုက်တာ မောင်အေးမိန်းမ ကိုမှန်ပြီးကိုယ်ဝန်
> သုံလပျက်ကျသွာတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို
> ရောက်လာတော့ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်
> ပုံက မောင်အေး က မောင်ခွေး ရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ် ကောင်ပြန် အစားပေးစေ။
> မောင်ခွေး က မောင်အေး မိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေး
> မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေတဲ့။
>
> *လူမှားလို.*
>
> အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
> နှင်းလျှောစီးဘို.
> မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
> လှည့်ပြန်လာပြီး
> 'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲလို.ပြောပြီးမိန်းမဘေ
>းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
> 'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။
>
> *ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား*
>
> မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
> အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
> အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
> အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
> သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
> အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။''
အိုဆေး
> အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
> လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ
> မ့်နေသောလူကောင်သေးသေး
> အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
> " ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
> ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
> " တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
> ၀ီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
> လေ့ကျင့်ခန်းမလုပ်ဘူး "
> " အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
> " နှစ်ဆယ့်ခြောက်နှစ်.."
> ကောင်းရော....
> တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
> သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
> တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
> အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
> "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
> ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
>


> ဖြစ်ရလေကွယ်....
> ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
> သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
> မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
> မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
> ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
> ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။
>


> တီဗွီတစ်လုံး မြန်မြန်ပေးပါ
> ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
> ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက်
> အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို
> စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
> ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။
>
> ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
> "ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
> အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
> သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။
> ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
> ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။
>
> "ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
> ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်"
> လို့ ပြင်ရေးလိုက်တယ်။
>
> ကောင်လေးက စာကို တစ်ခေါက်ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
> "ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
> ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။
> ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး
> မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
>
> နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို
> တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
> "ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
> တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
>




> မစားချင်ဘူးလား
> စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား
> ပြောကြားသည်မှာ...
> " မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
> သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
> လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
> ထမင်းကျွေးမယ်။ "
> ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ
> ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
> လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏
> ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
> လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
> အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
> လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
> ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
> သူပြောလိုက်သောစကားသည်ကား
> " အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား
> ကြက်သားဟင်းမစားချင်ဘူးလား။ "



> ဟွန်း..မလိုရင်ကူပြီ
> ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး
> အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံပေါက်သည်။
> သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း
> နိုင်ပဲတံခါးပေါက်မှလက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
> ကံကောင်းထောကမစွာဖြင့်ကူညီတတ်သောအစောင့်
> တစ်ယောက်ရောက်လာပြီးသူကိုကျောမှထိန်းပေးသည်။သို့သော်
> ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင်
> လိုက်သည်။တံခါးပေါက်ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက်
> လာခဲ့သည်။အဘိုးအိုမှာနောက်ဘူတာရောက်သည်အထိသူ့အဖြစ်ကို
> မကျေမနပ်ဖြင့်မည်တွန်တောက်တီးလာပါတော့သည်။
>


> စိုးရိမ်တတ်တယ်..
> ခွေးများကိုသန့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော
> အမျိုးသမီးတစ်ယောက်အားခွေးကကိုက်လိုက်သည်။ထိုအခါနာကျင်
> မှုကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက်
> လာသည်။
> " ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးပေါ်မှာတော့သွေးမပေ
> စေနဲ့ "
>
>


> ကွာရှင်းလိုကြောင်း
> ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
> အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
> "ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
> နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
> "ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
> သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"
>



> တယ်ဟုတ်ပါလား
> ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
> ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
> ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
> " ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင် အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
> မျက်စိမှိတ်ထားတာကိုး"
>



> နိုင်ငံရေး သတင်းထောက်
> လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
> လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
> ပြန်ကြားစာကို သူရသည်။ " လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
> ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
> ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား"

No comments:

Post a Comment