Sunday 29 November 2009

ဘ၀ရဲ့ အမောတွေ ပြေနိုင်ကြပါစေ..........

ဆံပင်ရိတ်မယ်.....

မန်ချီဒါတစ်ယောက် ပုဇွန်တောင်တွင် ဆံပင်သွားညှပ်သည်...။ ဆံပင်ညှပ်ဆိုင်ရောက်တော့....
မန်ချီဒါ - ဆံပင်ညှပ်ခဘယ်လောက်လဲ...
ဆံပင်ညှပ်ဆရာ - ၁၅၀
မန်ချီဒါ - မုတ်ဆိပ် ရိတ်ရင်ရော...
ဆံပင်ညှပ်ဆရာ - ၅၀
မန်ချီဒါ - ကောင်းပြီ... အဲဒါဆို ဆံပင်ရိတ်ပေးပါ...။ Laughing...

အကြောင်းပြချက် ကိုယ်စီ

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။

မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်

ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...

ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..

တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....

"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။

ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။

ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့

ကင်းခြေ ပြန်ဖြေလိုက်တာက

*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ"*

သားမက်ရဲ့ မေတ္တာ

မိန်းမကယောကျာင်္းကိုမေးသည်။
" မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀၀ ပြည့်အောင်နေနည်း စာအုပ်ကို ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှ
ာထားသလဲဟင်"
"ငါ လွှင့်ပစ်လိုက်တယ်"
"ဘာဖြစ်လို့လဲ"
"မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့"


အထိုးခံရမှာ စိုးလို့

ကိုစကူ သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။

လမ်းခရီးတွင် ထိုလူက ကိုစကူ ကို မေးသည်။

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစကူ က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။

သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစကူ ကလည်းမဖြေ။

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။

ထို ဗလကောင်းကောင်းလူက ကိုစကူ အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။

ထိုအခါ ကားပေါ်ပါလာသူများက ကိုစကူ အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။

မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။

ထိုအခါ ကိုစကူ က ယခုလို ပြန်ဖြေလေသည်။


ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။




May.gale
ကဲ ဟာသကြိုက်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်။ မကြိုက်တဲ့သူငယ်ချင်းတွေက မဖတ်နဲ့ ပေါ့။

No comments:

Post a Comment